Skip to playerSkip to main content
  • 9 years ago
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့ပေါ်မှာ အခုလ ၂၅ ရက်နေ့က ဟိန္ဒူဘာသာဝင်တွေကို တုတ်၊ ဓား လက်နက်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့ထဲမှာ ဆယ်ကျော်သက်အရွယ် ဘင်္ဂါလီ ကလေးငယ် တွေလည်းပါဝင်ကြောင်း ကိုယ်တိုင်ကြုံတွေ့ပြီး ထွက်ပြေးခဲ့ရတဲ့ ဟိန္ဒူဘာသာဝင် ကိုကျော်ကျော်နိုင်က ရှင်းပြပါတယ်။
မောင်တောမြို့ပော်မှာ နေထိုင်တဲ့ ကိုကျော်ကျော်နိုင် အပါအဝင် ဟိန္ဒူဘာသာဝင် ၁၇၀၀ ခန့်ဟာ အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို စိုးရိမ်တဲ့အတွက် အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ဟိန္ဒူကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြပါတယ်။
အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ဟိန္ဒူဘာသာဝင် ၈ ဦးသေဆုံးပြီး ၃၀ ဦးပျောက်ဆုံး နေတယ်လို့ လည်း ဆိုပါတယ်။ ဒါကြောင့် အခင်းဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကိုကျော်ကျော်နိုင်ကို ဧရာဝတီသတင်းထောက် မင်းအောင်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

Category

🗞
News

Recommended