Skip to playerSkip to main content
  • 9 years ago
တနိုင်ငံလုံးမှာ H1N1 ရာသီ တုပ်ကွေးရောဂါ ဖြစ်ပွားနေသူ ၂၀ ဦး ရှိပြီး ၎င်းတို့ထဲက ၃ ဦးကတော့ အဲဒီရောဂါပိုးကြောင့် သေဆုံး သွားခဲ့ရပါတယ်။ ချင်းပြည်နယ် မတူပီမြို့က တဦးကတော့ သေဆုံးသွားခဲ့ပေမယ့် ဓါတ်ခွဲခန်းအဖြေအရ အဲဒီရောဂါပိုးကြောင့် သေဆုံးတာ မဟုတ်ဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

လက်ရှိ အခြေအနေမှာ ကြိုတင်ကာကွယ်တဲ့နည်းနဲ့ ယင်းရောဂါကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) ဆီမှာလည်း ကာကွယ်ဆေးအပါအဝင် တခြား အကူအညီတွေလည်း တောင်းခံထားတယ်လို့ သိရပါတယ်။

Category

🗞
News
Comments

Recommended