၇ နှစ်အတွင်း ကျောက်မျက်ရတနာရောင်းချမှုဝင်ငွေ ယူရို ၁၃ ဘီလီယံကျော်ထိရှိလာ

  • 7 years ago
မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ကျောက်မျက်ရတနာရောင်းချရမှုဝင်ငွေဟာ ယူရို ၁၃ ဘီလီယံကျော်ရှိခဲ့ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌဟောင်းဖြစ်သူ ဦးတေဇက သြဂုတ်လ ၂၅ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ အသင်းအမှုဆောင်ရွေးချယ်ပွဲမှာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၆၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ နှစ်ပေါင်း ၄၀ ကျော်ကလအတွင်းပြုလုပ်ခဲ့တဲ့ ကျောက်မျက်အရောင်းအ၀ယ်စုစုပေါင်းဟာ ယူရိုငွေ ၂ ဘီလီယံတောင်မရှိခဲ့ပဲ ၂၀၀၇ ခုနှစ်နောက်ပိုင်းကနေ အခုချိန်ထိ ၇ နှစ်အတွင်းမှာ ရောင်းဝယ်မှုပိုများလာပြီး ၁၃ ဘီလီယံကျော်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ ကျောက်မျက်အသင်းရဲ့ ဆောင်ရွက်မှုအောင်မြင်ခဲ့တာဖြစ်တယ်လို့လည်း ဦးတေဇက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းပြီးရင် ကျောက်မျက်လုပ်ငန်းဟာ ဒုတိယအရေးအကြီးဆုံးဖြစ်ပြီး စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး ဂျီဒီပီ ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Recommended