တရားမ၀င်ကုန်သွယ်မှုတွင် ဖမ်းဆီးမှုပမာဏကျပ်ငွေ ၂၂ ဘီလီယံကျော်ပြီ

  • 7 years ago
တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (မိုဘိုင်းတီန်း) ဟာစစ်ဆေးဖမ်းဆီးခဲ့တဲ့ကာလတလျှောက်မှာအမှုတွဲပေါင်းလေးထောင်ကျော်ရှိခဲ့ပြီးခန့်မှန်းတန်ဖိုးကျပ်ငွေ ၂၂ ဘီလီယံကျော်သွားပြီဖြစ်ပါတယ်။
မိုဘိုင်းတီးစတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလကနေ အခုချိန်ထိလပေါင်း ၂၂ လကျော်အတွင်းမှာကျပ်ငွေ ၂၂ ဘီလီယံကျော်ဖိုးဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။တစ်လကိုပျမ်းမျှနှုန်း ၁ ဘီလီယံလောက် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုတွဲတွေထဲမှာအများစုကနယ်စပ်ဒေသမှာဖမ်းဆီးခဲ့တာဖြစ်ပြီးတချို့ကိုတော့ တိုင်းဒေသကြီးတွေအတွင်းမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ နယ်စပ်ကနေအမှုတွဲပေါင်းသုံးထောင်ကျော်မှာခန့်မှန်းတန်ဖိုး ၁၈ ဘီလီယံကျော်ဖြစ်ပြီးတိုင်းဒေသကြီးတွေအတွင်းဖမ်းဆီးမှုကအမှုတွဲပေါင်းရှစ်ရာကျော်မှာခန့်မှန်းတန်ဖိုး ၂ ဘီလီယံကျော်ဖြစ်ပါတယ်။

Recommended