အမျိုးသမီးများနဲ့ HIV

  • 7 years ago
မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံထားရတဲ့သူ နှစ်သိန်းခွဲလောက် ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ အဲ့ဒီထဲမှာ အကြောင်းအမျိုးမျိုးနဲ့ HIV ပိုးသယ်ဆောင်ထားရတဲ့ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။ ဒီလိုမျိုး HIV ပိုးကူးစက်ခံထားရတဲ့ အမျိုးသမီးတွေရဲ့ဘ၀တွေ ဘယ်လိုဖြစ်နေသလဲ၊ ဘ၀ကို ကြံ့ကြံ့ခံရပ်တည်နိုင်အောင် ဘယ်လို ကူညီပေးနိုင်ကြမလဲ၊ ဘယ်သူတွေက ထိထိရောက်ရောက်ကူညီပေးနိုင်မလဲ … ဒါတွေကို အမျိုးသမီးများနဲ့ HIV ဆိုတဲ့စကားဝိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။ HIV စီမံချက်တွေ လုပ်ဆောင်ပေးနေ တဲ့ ပြည်ကြီးခင်လူမှုအဖွဲ့နဲ့ HIV ပိုးနဲ့ အသက်ရှင်နေထိုင်သောအမျိုးသမီးများကွန်ရက်က လာရောက် ဆွေးနွေးပေးထားပါတယ်။