မုန်လာဥပင် စိုက်ပျိုးခြင်း

  • 7 years ago
မုန်လာဥပင်ရဲ့ မူရင်းဒေသကတော့ အာရှတိုက်နဲ့ ဥရောပတိုက်ဒေသတို့ကပဲ ဖြစ်ပါတယ်။ မုန်လာဥပင်ကတော့ အအေးကြိုက် သီးနှံ့ပင်ဖြစ်ပြီးတော့ နှစ်ချင်းသီးနှံ့ပင်လည်း ဖြစ်ပါတယ်။ ဥကိုသာ စားသုံးရပြီးတော့ အပင်အမြင့်ကတော့ ၂ လက်မကနေ ၆ လက်မ အကျယ်ကတော့ ၂ လက်မကနေ ၆ လက်မအထိ ရှိပါတယ်။ မုန်လာဥကတော့ မီးဖိုချောင် ဟင်းလျာတစ်မျိုး ဖြစ်ပြီးတော့ အရှည်မျိုးနဲ့ အဝိုင်းမျိုးဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ မုန်လာဥပင်ကိုတော့ ဆောင်းတွင်းကာလမျိုးမှာသာ စိုက်ပျိုးလေ့ရှိပြီးတော့ ရေမဝပ်သော မြေအမျိုးအစား နှုန်းဆန်ပြီး မြေဆွေးများသော မြေအမျိုးအစားတို့မှာ ဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။

Recommended