တောင်သူလယ်သမားနေ့ ပြင်ဆင်သတ်မှတ်ပေးရန် တောင်းဆို

  • 7 years ago
နှစ်စဉ် မတ်လ ၂ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့သည် ၁၉၆၂ ခုနှစ်က အာဏာသိမ်းသည့်နေ့ ဖြစ်သည့် အတွက် တောင်သူလယ်သမားခေါင်းဆောင် ဆရာစံကြိုးပေးခံရသောနေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုသွားမည်ဟု တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဒေါ်စုစုနွေးက Mizzima ကို ပြောသည်။
“တောင်သူလယ်သမားနေ့မှာ လက်ရှိအစိုးရသစ်ကို တောင်းဆိုချင်တာကတော့ ကျွန်မတို့ မြန်မာတနိုင်ငံလုံးရဲ့ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ပြီးတော့ ကြိုးပေးအသတ်ခံခဲ့ရတဲ့ ၊ လယ်သမားကို ကိုယ်စားပြုတဲ့ လယ်သမားအာဇာနည်ကြီး ဆရာစံရဲ့ ကြိုးပေးတဲ့နေ့ကို တောင်သူလယ်သမားနေ့သတ်မှတ်ပေးဖို့ကို တောင်သူလယ်သမားအဖွဲ့အစည်းအားလုံးရဲ့ ကိုယ်စား ဆက်လက်ပြီးတော့ တောင်းဆိုပါတယ်လို့” ပြောသည်။
ယခုကဲ့သို့တောင်းဆိုခြင်းသည် ယခင်အစိုးရလက်ထက်ကတည်းက ပြုလုပ်နေခြင်းဖြစ်ပြီး ဆရာစံကြိုးပေးခံရသည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ မသတ်မှတ်ပေးမချင်း တောင်းဆိုသွားဦးမည်ဟု သိရသည်။
တောင်သူလယ်သမားနေ့ ပြင်ဆင်သတ်မှတ်ပေးရန်အတွက် ၂၀၁၂ ခုနှစ်ကတည်းက တစ်နိုင်ငံလုံးအတိုင်အတာဖြင့် တောင်သူလယ်သမားအဖွဲ့ (၇၄) ဖွဲ့က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

Recommended