Skip to playerSkip to main content
  • 7 years ago
ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသားများ ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံရန် တောင်းဆို
**********************
“၁၂ နာရီလောက်မှာ ပြန်တော့ငြိမ်သွားပါပြီ၊သူတို့က ၀န်ကြီးချုပ်နဲ့ တွေ့ ချင်တယ်လို့ ပြောတာပေါ့၊သူတို့ အကျဉ်းသားအခွင့်အရေးကို တောင်းချင်တဲ့ဆန္ဒပါပဲ။ ကျန်တာတော့ ဘာမှမရှိပါဘူး”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောသည်။

ပုသိမ်အကျဉ်းထောင်တွင် အဆောင်၁၊၂တို့မှ အကျဉ်းသား ၃၄၃ ဦးက “အကျဉ်းသားအခွင့်အရေး တန်းတူ ရရှိရေး ဒို့ အရေး၊လွတ်ငြိမ်းချမ်းသာခွင့်တန်းတူရရှိရေး ဒို့ အရေး” စသည်တိ့ကို ကြွေးကြော်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ပုသိမ်အကျဉ်းထောင်ဆူပူမှု သည် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘဲ မေ ၉ရက်နေ့ ၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး-စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended