Skip to playerSkip to main content
  • 9 years ago
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မုတ်လွဲအုပ်စု၊ ခါးရှိကျေးရွာအတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ စစ်ပြေးရှောင်လာသည့် လီဆူတိုင်းရင်းသားဒုက္ခသည်များ အတွက် သေဘေးရှောင်စခန်းဟူသည့် အမည်ဖြင့် ကယ်ဆယ်ရေးစခန်းတခု ဖွင့်လှစ်ထားသည်။ သေဘေးရှောင်ကယ်ဆယ်ရေးစခန်းတွင် လာရောက်နေထိုင်သူ လူဦးရေ ၃၀၀ ကျော် ရှိပြီး ၎င်းတို့မှာ ဝိုင်းမော်မြို့နယ်အတွင်းရှိ မုန်ဂါဇွပ်ရွာမှ ဒေသခံများ ဖြစ်သည်။
ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားရာတွင် လက်နက်ကြီးကျသံများ၊ လေယာဉ်ပျံသံများ ဆူညံလွန်းသဖြင့် ကြောက်ရွံ့ပြီး ထွက်ပြေးလာရခြင်း ဖြစ်သည်။
သေဘေးရှောင်စခန်းဟူသည့် အမည်နှင့်ပတ်သတ်၍ ဝေဖန်မှုများ ရှိနေသော်လည်း နေထိုင်နေကြသည့် စစ်ဘေးရှောင် လီဆူတိုင်းရင်းသားများမှာ မြန်မာစာကို နားမလည်သဖြင့် အဓိပ္ပါယ်ကို မသိကြပါ ။
စခန်းတာဝန်ခံများကမူ ထိုအမည်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ လီဆူခရစ္စယာန်နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိသူများနှင့် စခန်းတာဝန်ခံများက ညှိနှိုင်းကာ ဆိုင်းဘုတ်တပ်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။ စခန်းတာဝန်ခံများ၏ ပြောဆိုချက်အရ သေဘေးရှောင်ဟူသည့် စာသားမှာ သေဘေးမှ လွတ်ရန် ရှောင်လာရခြင်းကြောင့် ထိုကဲ့သို့ စခန်းကို အမည်ပေးထားခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။

Category

🗞
News
Comments

Recommended