Skip to playerSkip to main contentSkip to footer
  • 3/30/2014
မျိုးရန်နောင်သိန်း " မွေးမိခင်" ဂုဏ်ပြုပွဲဖိတ်ကြားလွှာ


မနက်ဲဖြန် မဟာသန္တိသုခကျောင်းတော်သို့ မနက် ၉.၃၀ နာရီ အရောက်ကြွရောက်ပါရန်
မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော်များအားလုံးကို လေးစားစွာဖိတ်ကြားအပ်ပါတယ်။

ကျွန်တော်တို့ ဒီမိုကရေစီလူအခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဘ၀တွေက ထောင်ထဲမှာပဲ ကုန်ဆုံးခဲ့တာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ နေရက် တွေမှာ မိသားစုနှင့် အတူတူမရှိခဲ့ကြပါဘူး။

မှတ်မှတ်ရရ ကျွန်တော်ရဲ့ အကိုလိုချစ်ခင်ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ အသက် (၄၀) ပြည့်မွေးနေ့ပွဲကို သရက်ထောင် ထဲမှာ ထောင်ကျဖော် လေးငါးဆယ်ယောက်နှင့် ထောင်ထဲဖြစ်သလို ကျင်းပခဲ့ရတာပါ။ အဲဒီအချိန်တုန်းက ကိုကိုကြီးမှာ အဖေရော အမေပါ မရှိတော့ပါဘူး။ ကိုကိုကြီးဟာ သူ့ရဲ့မိခင်ဈာပနာကို ထောင်ကနေသံခြေကျင်း နဲ့ လိုက်ပိုခဲ့ရတာပါ။

ကျွန်တော်ရဲ့ဖေဖေ ဆိုလည်း ကျွန်တော်ထောင်ကျနေစဉ် ၁၉၉၉ ခုနှစ်မှာ ဆုံးပါးသွားခဲ့ပါ တယ်။ ကျွန်တော်ဖေဖေကွယ်လွန်တဲ့ သတင်းကို ထောင်ဝင်စာလာတွေ့တဲ့ မေမေပြောပြလို့ ကွယ်လွန်ပြီး ၁ လ ကျော်မျာသိခဲ့ရပါတယ်။ ဖေဖေရဲ့နောက်ဆုံးခရီးကိုလိုက်မပို့ခဲ့ရပါဘူး။ အဲဒီတုန်းက ကျွန်တော် အသက်၂၅ နှစ်ပါ ။

ထောင်ကျပြီဆိုရင် ချစ်လှပါတယ်ဆိုတဲ့ ချစ်သူတွေ၊ ဇနီးမယားတွေဟာ စွန့်ပြစ်သွားလေ့ရှိပါတယ်။ ကိုယ်နဲ့ အမြဲမခွဲမခွာအတူရှိနေတာက ကိုယ်ရဲ့မိခင် နှင့် ဖခင်ပါ။ ဒါကို ထောင်ကျဖူးတဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်အားလုံး တွေ့ကြုံကြရတာပါ။ ကျွန်တော်လည်း အလားတူကြုံရတာပါပဲ။

ကျွန်တော်ရဲ့မိခင်ဟာ ကျွန်တော်နိုင်ငံရေးလောကထဲဝင်တယ်လို့ပြောရမယ့် ၁၉၉၆ ခုနှစ်ကနေ ထောင်ကျတဲ့ ၁၉၉၇ ခုနှစ်၊ နောက်ဆုံးအကြိမ်ထောင်ကထွက်လာတဲ့ ၂၀၀၉ခုနှစ် နိုဝင်ဘာလ ထိအောင် အိုကြီးအိုမနှင့် တောင်တွေကျော်၊ မြစ်တွေကျော်ပြီ၊ စစ်အစိုးရက ယုတ်မာစွာ အဝေးဆုံးကိုပို့ထားတဲ့ ထောင်အထိရောက်အောင်လာပြီး ထောင်ဝင်စာလာတွေ့ပါတယ်။

ကျွန်တော်ရဲ့မိခင် “ဒေါ်ကြည်ကြည်စိန်” ဟာ ကျွန်တော်အတွက်တင်သာမကပါဘူး ကျွန်တော်ရဲ့နိုင်ငံရေးလုပ် ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေအားလုံးအပေါ်မှာ အလွန်တာဝန်ကျေပါတယ်။ မေမေဟာ ဒီမိုကရေစီရေးကြိုး ပန်းကြတဲ့ ကျွန်တော်ရဲ့ မိတ်ဆွေတွေကို စိတ်ရောလူပါမြှုပ်နှံပြီး ငွေအား၊ လူအင်အား၊ အကြံဥာဏ်အင်အားနှင့် ကူညီပေးခဲ့ပါတယ်။

၃၁. ၃. ၂၀၁၄ (တနလာင်္နေ့) မှာကျွန်တော်အသက် (၄၀) တိတိပြည့်ပါပြီ။ ကံကောင်းစွာနဲ့ ကျွန်တော်အသက် (၄၀) တိတိ ပြည့်တဲ့ အချိန်မှာ အမေဟာ ကျွန်တော်နှင့် အတူရှိနေပါသေးတယ်။ ဒါပေမယ့် အမေအသက် (၇၆) နှစ် ရှိပါပြီ။ အခုလိုရှားရှားပါးပါးတိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ရဲ့အသက် (၄၀)ပြည့်တဲ့နေ့ အမေရှိနေသေးတဲ့ အတွက် မေမေကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့မွေးမိခင်ကို ဂုဏ်ပြုလိုပါတယ်။

ကျွန်တော်ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအားလုံး၊ လူမှုရေးလုပ်ဖော်ကိုင်ဖက်များအားလုံး၊ အရပဖက်လူမှုအဖွဲ့အစည်းထဲမှ မိတ်ဆွေများအားလုံး၊ ကျွန်တော်ရဲ့သင် တန်းသားများအားလုံး၊ ဗိသုကာမိတ်ဆွေများအားလုံး Tourguide လုပ်ခဲ့စဉ်က မိတ်ဆွေများအားလုံး၊ ပြင်သစ်သံရုံးမှာ အလုပ်လုပ်ခဲ့စဉ် က မိတ်ဆွေများ၊ ကျောင်းသားများအားလုံး၊ မီဒီယာလောကမှ မိတ်ဆွေများအားလုံးကို ကြွရောက်ခဲ့ဖို့ဖိတ်ခေါ်ပါ တယ်။ မိမိကိုယ်တိုင်ရဲ့ မွေးမိခင်ဂုဏ်ကျေးဇူးကို ရည်မှန်းပြီး ကျွန်တော်ရဲ့ “မွေးမိခင်ဂုဏ်ပြုပွဲ” ကို ကြွရောက်ပေးပါရန် လေးစားစွာဖိတ်ကြားအပ်ပါတယ်။

မျိုးရန်နောင်သိန်း
၀၉-၄၂၁၁၅၈၉၃၆

Category

🎵
Music

Recommended