Skip to playerSkip to main content
  • 2 years ago
အဘ ကိုယ်တိုင်လည်း "ပြည်တွင်းစစ်ရဲ့သားကောင်" ဖြစ်ခဲ့တယ် - ဦးအောင်ခမ်းထီ(ပအိုဝ် တိုင်းရင်းသားခေါင်းဆောင်)
NP News - နိုဝင်ဘာ ၅

" အမြင် အယူအဆမတူတဲ့ကိစ္စတွေကို ရှေ့တန်းတင်ပြီး ပြည်တွင်းစစ်တွေဖြစ်စေခဲ့တယ်။ ပြည်တွင်းစစ်ရဲ့သားကောင်တွေ ဖြစ်လာတဲ့အခါမှာ တိုင်းပြည်က အနုတ်လက္ခဏာဖြစ်လာတယ်။ တိုးတက်သင့်သလောက် မတိုးတက်ဘူး။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားမှာ အမြင်မကြည်ဘူး။ အမုန်းတရားတွေ ပွားပြီး နှစ်ပေါင်း ၆၀ ကျော်တိုင်အောင် အချိန် ဖြုန်းနေကြတာပေ့ါနော်။ ဘာမှလည်း ရလဒ်ကောင်းမရှိဘူး။ ဒီလိုပဲ စိတ်ဝမ်းကွဲနေကြမယ်၊ တိုက်နေကြမယ်ဆိုရင် ဘယ်သူတွေ နစ်နာမလဲ။ ကျွန်တော်တို့တွေပဲ နစ်နာကြတာ။ လူမျိုးပေါင်း(၁၃၅)မျိုးလုံးဟာ ကံတူအကျိုးပေး ဒီမြေ ဒီရေ ဒီလေပေါ်မှာ ရှုရှိုက်စားသုံးနေထိုင်ကြရတာ ... " - ပအိုဝ်တိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် သီးသန့်မေးမြန်းခြင်း အပြည့်အစုံကို နားဆင်နိုင်ပါပြီ။

လစဉ်ကြေး ပေးသွင်းရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်)
ဖုန်း - 09-444681478 (Viber)
- 09-958962052

Category

🗞
News
Comments

Recommended