Skip to playerSkip to main contentSkip to footer
  • 5 years ago
ဖျားနာခြင်း ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်း

ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း မဖျားဖူးတဲ့သူ မရှိကြပါဘူး။ သင့်ရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ဆောင်ချက်တွေ ကနေ တစ်ခုခု တိမ်းစောင်းလာပြီ ဆိုတာနဲ့ ဖျားနာခြင်း ဟာ လက္ခဏာ တစ်ခု အနေနဲ့ ပေါ်ပေါက်လာတတ်ပါတယ်။ ဖျားပြီဆိုတာနဲ့ ပထမဆုံး မအီမသာ ဖြစ်တာကို ခံစားရပါတော့တယ်။ ကိုယ်အပူချိန် 103' F မရောက်ခင် အထိတော့ ဖျားနာတာဟာ သိပ်ကိစ္စမရှိလှပါဘူး။ ဒါပေမယ့်လည်း ကလေးငယ်တွေမှာတော့ အပူချိန်နည်းနည်းလေး တက်ရင်တောင် ပြင်းထန်တဲ့ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့်လည်း ‌ရောဂါရဲ့ ပြင်းထန်မှုကို ကိုယ်အပူချိန် ဘယ်လောက်တက်တယ် ဆိုတာနဲ့ တိုင်းတာလို့တော့ မရပါဘူး။ သာမန်ဖျားနာရုံနဲ့ အပူကြီးနိုင်သလို ရောဂါပြင်းထန်ပေမယ့်လည်း အပူချိန် နည်းနည်းပြ ရှိနေနိုင်ပါတယ်။ ရက်အနည်းငယ် ကြာရင်တော့ ပုံမှန်အားဖြင့် ကိုယ်အပူချိန်ဟာ ပြန်ကျသွားလေ့ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ တခါတရံမှာ ဘာဆေးမှ မသောက်ဘဲနေတာဟာ သင့်တော်လှပါတယ်။ ကိုယ်အပူချိန်တက်တယ် ဆိုတာဟာ တကယ်တမ်းတော့ ခန္ဓာကိုယ်ထဲကို ပြင်ပကနေ ဝင်ရောက်လာတဲ့ ပိုးမွှားတွေကို ပြန်လည် တိုက်ထုတ်နေတဲ့ လက္ခဏာ တစ်ခုပဲဖြစ်ပါတယ်။

လူကြီး၊လူငယ်၊ ကျား/မ မရွေး သိသင့် သိထိုက်သော ကျန်းမာရေးနှင့် ပတ်သက်သည့် အကြောင်းအရာတွေ အကြံပြု ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါဘယတွေရဲ့ လက္ခဏာတွေ၊ သတိထားသင့်တဲ့ အချက်အလက်တွေကိုလည်း ဗဟုသုတဖြစ်ဖွယ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ ThinYuPar ရဲ့ Health Channel ကနေ အပတ်စဉ် တင်ဆက်ပေးသွားမှာဖြစ်လို့ Subscribe လုပ်ထားရုံနဲ့ သင့်ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ထားသလို အကျိုးကျေးဇူးတွေ ရရှိစေမှာဖြစ်ပါတယ်။

FOLLOW US
Website: https://www.thinyupar.com
Facebook: https://www.facebook.com/ThinyuparOfficial
Instagram: https://www.instagram.com/thinyupar_official
YouTube: https://www.youtube.com/channel/UCglZngQVSxZV32B0dI4z80w/
Tik Tok: https://www.thinyupar_official
Twitter: https://twitter.com/Thinyupar1
Pinterest: https://www.pinterest.com/ThinYuPar

#Health #ကျန်းမာရေး #Thinyupar #ဖျားနာခြင်း #ဖျားခြင်း #ill

Category

📚
Learning
Be the first to comment
Add your comment

Recommended