Skip to playerSkip to main content
  • 6 years ago
ဗစ်တိုးရီးယား၏ ကိုယ်ရေးအချက်အလက် ထုတ်ဖော်ပြောဆိုမှု ရဲအရာရှိအချို့ကို တရားစွဲမည်
**********************************
ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့သည့် ရဲတပ်ဖွဲ့ အရာရှိကြီး တစ်ချို့ကို ရက်ပိုင်းအတွင်း တရားစွဲဆိုသွားမည်ဟု ဗစ်တိုးရီးယား အမှုမှန် ပေါ်ပေါက်ရေးအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီ ထံက သိရသည်။


နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းသူ ဗစ်တိုးရီးယားဟု အမည်ပေးထားသည့် အသက်သုံးနှစ်အရွယ် ကလေးငယ်လေးတစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုအတွက် သံသယတရားခံ အောင်ကြီးကို တရားရုံးက တရားရှင် ပြန်လွှတ်ပေးခဲ့ပြီးနောက် ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၉ရက်နေ့တွင် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ကလေး၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/65178
ရိုက်ကူး/တည်းဖြတ် - အောင်မြတ်သူ

Category

🗞
News
Be the first to comment
Add your comment

Recommended