Skip to playerSkip to main content
  • 6 years ago
ကင်ဆာရောဂါသည်များအတွက် New Year: New Hope ပျော်ပွဲရွှင်ပွဲပြုလုပ်

**********************

သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာစတဲ့ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာဝေဒနာခံစားနေရသူတွေအတွက် တွေ့ဆုံပွဲနဲ့ ပျော်ပွဲရွှင်ပွဲကို New Year: New Hope ဆိုတဲ့နာမည်နဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ပင်လုံဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။

သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာဟာ မြန်မာအမျိုးသမီးတွေကြားမှာ ဖြစ်ပွားမှုများပြားနေတဲ့ ရောဂါဖြစ်ပြီး အသိပညာပေးမှုတွေ အားနည်းနေသေးတယ်လို့ ပင်လုံဆေးရုံကြီး ဓာတ်ရောင်ခြည်ကင်ဆာဌာနရဲ့ ဌာနမှူး ဒေါက်တာဦးမင်းဒင်က ပြောပါတယ်။

ကင်ဆာရောဂါဟာ စောစီးစွာသိရှိပြီး ကုသမှုခံယူပါက ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်ရင်သားကင်ဆာရောဂါခံစားနေရတာကို စောစီးစွာသိရှိပြီး ကုသမှုခံယူအောင်မြင်ထားတဲ့ Miss Golden Land Myanmar 2017ဆုရရှိထားသူ ဒေါ်အေးအေးမွန်က သူ့ရဲ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

ဒီနေ့ပြုလုပ်တဲ့ အခမ်းအနားမှာတော့ ရောဂါဝေဒနာရှင်တွေအတွက် ဆေးကုသမှုတွေအပြင် စိတ်ပိုင်းဆိုင်ရာထူထောင်ရေးအတွက် စက္ကူအလှခေါက်ခြင်း၊ သစ်ပင်စိုက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေပြုလုပ်ဖို့ အသိပညာပေးမှုတွေလည်း ပြုလုပ်ခဲ့ပြီး ပင်လုံဆေးရုံမှာ ကင်ဆာရောဂါကုသမှုအောင်မြင်ခဲ့သူတွေ၊ ရောဂါအတွက်ဆေးကုသနေဆဲလူနာတွေ စုစုပေါင်း သုံးဆယ်နီးပါးပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ရိုက်ကူး / တည်းဖြတ် - ဖူးအိအိနွယ်

Category

🗞
News
Comments

Recommended