Skip to playerSkip to main content
  • 6 years ago
လိပ်ကျွန်းလူသတ်မှု ထိုင်းဘုရင်ထံ အသနားခံစာတင်ထားခြင်း တစ်နှစ်အတွင်း ဆုံးဖြတ်မည်
***********************
သေဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံ လိပ်ကျွန်းအမှုမှ ဝင်းနှင့်ဇော်တို့ နှစ်ဦး၏ အသနားခံစာနှင့် ပတ်သက် ပြီး ထိုင်းဘုရင် မင်းမြတ်က တစ်နှစ်အတွင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဝင်းနှင့်ဇော် လွတ်မြောက်ရေး ကူညီ ဆောင်ရွက်ပေးနေသူ ဦးအောင်မျိုးသန့်က ပြောသည်။
၂၀၁၅ ခုနှစ်မှစတင်ကာ နောက်ဆုံး ထိုင်းဗဟိုတရားရုံးအထိ တရားရုံးအဆင့်ဆင့်မှ သေဒဏ်သုံးကြိမ် ချမှတ်ခဲ့ သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့၏ နောက်ဆုံး အသနားခံစာကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ထိုင်းဘုရင်မင်းမြတ်ထံ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးနှင့် ထိုင်းရှေ့နေများကောင်စီတို့မှ ဥပဒေပညာရှင်များ က အသနားခံစာ တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရိုက်ကူး/တည်းဖြတ် - ချမ်းငြိမ်း/မိုင်းယိုင်နီ
(zawgyi)

လိပ္ကြၽန္းလူသတ္မႈ ထိုင္းဘုရင္ထံ အသနားခံစာတင္ထားျခင္း တစ္ႏွစ္အတြင္း ဆုံးျဖတ္မည္
***********************
ေသဒဏ္ ခ်မွတ္ခံထားရသည့္ ထိုင္းႏိုင္ငံ လိပ္ကြၽန္းအမႈမွ ဝင္းႏွင့္ေဇာ္တို႔ ႏွစ္ဦး၏ အသနားခံစာႏွင့္ ပတ္သက္ ၿပီး ထိုင္းဘုရင္ မင္းျမတ္က တစ္ႏွစ္အတြင္း ဆုံးျဖတ္သြားမည္ ျဖစ္ေၾကာင္း ဝင္းႏွင့္ေဇာ္ လြတ္ေျမာက္ေရး ကူညီ ေဆာင္႐ြက္ေပးေနသူ ဦးေအာင္မ်ိဳးသန႔္က ေျပာသည္။
၂၀၁၅ ခုႏွစ္မွစတင္ကာ ေနာက္ဆုံး ထိုင္းဗဟိုတရား႐ုံးအထိ တရား႐ုံးအဆင့္ဆင့္မွ ေသဒဏ္သုံးႀကိမ္ ခ်မွတ္ခဲ့ သည့္ ကိုဝင္းေဇာ္ထြန္းႏွင့္ ကိုေဇာ္လင္းတို႔၏ ေနာက္ဆုံး အသနားခံစာကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ ၂၄ ရက္က ထိုင္းဘုရင္မင္းျမတ္ထံ ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးႏွင့္ ထိုင္းေရွ႕ေနမ်ားေကာင္စီတို႔မွ ဥပေဒပညာရွင္မ်ား က အသနားခံစာ တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
႐ိုက္ကူး/တည္းျဖတ္ - ခ်မ္းၿငိမ္း/မိုင္းယိုင္နီ

Category

🗞
News
Comments

Recommended