Skip to playerSkip to main content
  • 7 years ago
ဗစ်တိုးရီးယားအမှု တွင် အောင်ကြီးကို တရားရှင်လွှတ်ပြီးနောက် အမှုဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေများကို ဥပဒေပညာရှင်များ သုံးသပ်
****************************
နေပြည်တော်က နာမည်ကျော် ဗစ်တိုးရီးယားအမှုမှာ တရားလိုပြသက်သေအားလုံးကို စစ်ဆေးမှုမပြီးခင် သံသယတရားခံအဖြစ် ဖမ်းဆီးထားတဲ့ အောင်ကြီးကို တရားရှင် လွှတ်ပေးခဲ့ပြီးနောက် အမှုဆက်လက်ဖြစ်ပွားနိုင်တဲ့ အခြေအနေတွေကို ဥပဒေပညာရှင်တွေက အခုလို သုံးသပ်ပြောဆိုခဲ့ကြပါတယ်။

ဗစ်တိုးရီးယားအမှုမှာ တရားလိုပြသက်သေ ၂၆ ဦးအနက် ၁၉ ဦးကို စစ်ဆေးပြီးချိန်မှာ အမှုကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေ မတွေ့ရှိတာကြောင့် ဒက္ခိဏသီရိခရိုင်တရားရုံးက ဒီဇင်ဘာလ ၁၈ရက်နေ့ တရားခွင်အပြီးမှာ သံသယတရားခံ အောင်ကြီးကို တရားရှင် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အောင်ကြီးအနေဖြင့် ယခုတစ်ကြိမ်ဟာ ဒုတိယအကြိမ်မြောက် လွှတ်ပေးခံရတာလည်း ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း

Category

🗞
News
Comments

Recommended