Skip to playerSkip to main content
  • 6 years ago
ပလတ်စတစ်ကို နေ့စဉ်ဘဝ၏ နေရာတိုင်း၌ ကျယ်ကျယ်ပြန့်ပြန့် စတင်အသုံးပြုလာချိန်မှစ၍ ပေါ်လီမာ ဒြပ်ပေါင်းဖြင့် အတုပြုလုပ်ထားသော ပစ္စည်းများမှာ ကမ္ဘာ့သမုဒ္ဒရာများအတွင်းသို့ အရေအတွက် အများအပြားဖြင့် ရောက်ရှိလာခဲ့သည်။ ဒီရေ၏ သယ်ဆောင်လာခြင်းကြောင့် ပလတ်စတစ် စွန့်ပစ် ပစ္စည်းများသည် သမုဒ္ဒရာအဝန်းအဝိုင်း ဒေသများဖြစ်သည့် ပင်လယ်နက်များအတွင်းနှင့် ရေခဲသော ဝင်ရိုးစွန်းဒေသ ပင်လယ်ပြင်များတွင် ပျံ့နှံ့လျက်ရှိသည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ နေရာအနှံ့တွင် ပျံ့နှံ့နေသည့် အထောက်အထားများ ထင်ရှားစွာ ရှိနေသော်လည်း ရှာဖွေ့တွေ့ရှိသည့် စွန့်ပစ်ပစ္စည်း အရေအတွက်မှာ အဘယ်ကြောင့် သိပ္ပံပညာရှင်များ ခန့်မှန်းသည်ထက် နည်းပါးနေသည်ကို ပင်လယ်ဆိုင်ရာ သုတေသီများအနေဖြင့် ရှင်းပြနိုင်ခြင်းမရှိပေ။ ဖြစ်နိုင်ချေ အကြောင်းများစွာထဲမှ တစ်ချက်မှာ ပင်လယ်လှိုင်းလှုပ်ခတ်မှု၊ နေရောင်ခြည်ကျရောက်မှုနှင့် အခြားဖြစ်စဉ်များစွာကြောင့် ပလတ်စတစ်များမှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီး ပိုမိုသေးငယ်သော အပိုင်းအစများအဖြစ်သို့ ရောက်ရှိသွားကာ မမြင်နိုင်သော သေးငယ်သည့်အမှုန်အမွှားများ ဖြစ်သွားခြင်းကြောင့် ဖြစ်နိုင်သည်။
အဆိုပါ အပိုင်းအစများသည် ပင်လယ်တွင်းရှိ ဇီဝသတ္တဝါ အများအပြား၏ အစားအစာများအတွင်းသို့ ဝင်ရောက်ခြင်းမှတဆင့် ကျွန်ုပ်တို့၏ အစားအစာများအဖြစ် ရောက်ရှိလာသည်။ ထို ပလတ်စတစ် အမှုန်အမွှားများသည် ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆိပ်အတောက်များအဖြစ် ရောက်ရှိလာခြင်းမှာ သာမန်ဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။ ဘက်တီးရီးယားများနှင့် အခြားအဏုဇီဝရုပ်များမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများနှင့်အတူ ကမ္ဘာတဝှမ်းရှိ သမုဒ္ဒရာများအတွင်းသို့ ပျံ့နှံ့လာခြင်းမှာလည်း အခြားစိုးရိမ်ရသည့် ပြဿနာတစ်ခုအဖြစ် တွေ့ရသည်။


ယခုရုပ်ရှင်နှင့်ဆက်စပ်သော သင်ကြားရေးအထောက်အကူပြုအချက်အလက်များကို လေ့လာရန် -

https://memr.moe.edu.mm/video/the-quest-for-knowledge-microplastics-in-the-ocean/

Category

📚
Learning
Be the first to comment
Add your comment

Recommended