Skip to playerSkip to main contentSkip to footer
  • 6 years ago
နိုင်ငံအဆင့် စက်ရုပ်ဂိမ်းပြိုင်ပွဲ World Robot Games (Myanmar) 2020 အား ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပပြုလုပ်မည်
***********************
မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများ သိပ္ပံ နှင့် နည်းပညာ တီထွင်ဆန်းသစ်မှု အဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်မယ့် ပြည်တွင်းစက်ရုပ်ပြိုင်ပွဲ World Robot Games (Myanmar) 2020 ကို မြန်မာနိုင်ငံကွန်ပြူတာ ပညာရှင်များ အသင်း နှင့် Clas of Robots Team တို့မှ ပူးပေါင်းပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ ပြိုင်ပွဲကို အစိုးရ ပညာရေးဆိုင်ရာ ကျောင်း၊ တက္ကသိုလ်များ၊ ICT ဆိုင်ရာ သင်တန်းကျောင်းများ၊ သိပ္ပံနှင့်နည်းပညာ အသစ်အဆန်းများအား လေ့လာသူများ နဲ့ ပညာရေးနယ်ပယ်ရှိ သင်တန်းကျောင်းများ မှ ကျောင်းသူ ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး လက်ရှိတွင် ပြိုင်ပွဲဝင် အဖွဲ့ပေါင်း ၃၀ ခန့် စာရင်းပေးသွင်းပြီးဖြစ်သည်ဟု သိရသည်။
ရိုက်ကူး/တည်းဖြတ် - ဟိန်းသက်ဦး
(zawgyi)
***********************

Category

🗞
News

Recommended