Skip to playerSkip to main content
  • 6 years ago
ဗစ်တိုးရီးယား အမှုမှ စွပ်စွဲ တရားခံအောင်ကြီးသည် ပြစ်မှု ကျူးလွန်နိုင်ခြင်းမရှိဟု သက်သေများထွက်ဆို

*****************************
ကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး ဗစ်တိုးရီးယားဟု အမည်ပေးထားသည့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုအတွက် စွပ်စွဲတရားခံအောင်ကြီး(ခ)အောင်ေကျာ်မျိုးသည် ပြစ်မှု ကျူးလွန်နိုင်ခြင်းမရှိကြောင်း တရားလိုပြ သက်သေများက ငါးနာရီနီးပါး ကြာမြင့်ခဲ့သည့် ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြသည်။

ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်သည့် ၁၂ကြိမ်မြောက် ရုံးချိန်းတွင် သက်သေ သုံးဦးကို စစ်ဆေးခဲ့ပြီး Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးနှင့် ဆရာမ တစ်ဦးတို့က ကျူးလွန်နိုင်ခြင်းမရှိကြောင်းထွက်ဆိုခဲ့ကြပြီး ကျောင်းကြိုပို့ ကားပေါ်တွင် လိုက်ပါလာသည့် ဆရာမကမူ စွပ်စွဲတရားခံအောင်ကျော်မျိုး(ခ)အောင်ကြီးကို မသိကြောင်း ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်က Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသည့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအတွက် ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ ကို စွပ်စွဲတရားခံအဖြစ် ဒက္ခိဏခရိုင် တရားရုံးတွင် စွဲတင်ထားသည့် အမှု ဖြစ်သည်။ လာမည့် ၁၃ကြိမ်မြောက် ရုံးချိန်းကို ဒီဇင်ဘာ ၁၈ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။

ရိုက်ကူး/တည်းဖြတ်- အောင်မြတ်သူ
(zawgyi)

ဗစ္တိုးရီးယား အမႈမွ စြပ္စြဲ တရားခံေအာင္ႀကီးသည္ ျပစ္မႈ က်ဴးလြန္ႏိုင္ျခင္း မရွိဟု သက္ေသမ်ားထြက္ဆို

*****************************
ကေလးငယ္ရဲ႕ ဂုဏ္သိကၡာကို ငဲ့ကြက္ၿပီး ဗစ္တိုးရီးယားဟု အမည္ေပးထားသည့္ သုံးႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံရမႈအတြက္ စြပ္စြဲတရားခံေအာင္ႀကီး(ခ)ေအာင္ေက်ာ္မ်ိဳးသည္ ျပစ္မႈ က်ဴးလြန္ႏိုင္ျခင္းမရွိေၾကာင္း တရားလိုျပ သက္ေသမ်ားက ငါးနာရီနီးပါး ၾကာျမင့္ခဲ့သည့္ ႐ုံးခ်ိန္းတြင္ ထြက္ဆိုခဲ့ၾကသည္။

ဒီဇင္ဘာ ၄ ရက္ေန႔က ျပဳလုပ္သည့္ ၁၂ႀကိမ္ေျမာက္ ႐ုံးခ်ိန္းတြင္ သက္ေသ သုံးဦးကို စစ္ေဆးခဲ့ၿပီး Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉးႏွင့္ ဆရာမ တစ္ဦးတို႔က က်ဴးလြန္ႏိုင္ျခင္းမရွိေၾကာင္းထြက္ဆိုခဲ့ၾကၿပီး ေက်ာင္းႀကိဳပို႔ ကားေပၚတြင္ လိုက္ပါလာသည့္ ဆရာမကမူ စြပ္စြဲတရားခံေအာင္ေက်ာ္မ်ိဳး(ခ)ေအာင္ႀကီးကို မသိေၾကာင္း ထြက္ဆိုခဲ့သည္။

ၿပီးခဲ့သည့္ ေမလ ၁၆ ရက္က Wisdom Hill မူႀကိဳေက်ာင္းတြင္ တက္ေရာက္ေနသည့္ သုံးႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရမႈအတြက္ ေက်ာင္းႀကီးၾကပ္ေရးမႉး၏ ယာဥ္ေမာင္းျဖစ္သူ ကို စြပ္စြဲတရားခံအျဖစ္ ဒကၡိဏခ႐ိုင္ တရား႐ုံးတြင္ စြဲတင္ထားသည့္ အမႈ ျဖစ္သည္။ လာမည့္ ၁၃ႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို ဒီဇင္ဘာ ၁၈ ရက္ေန႔သို႔ ျပန္လည္ခ်ိန္းဆိုထားသည္။

႐ိုက္ကူး/တည္းျဖတ္- ေအာင္ျမတ္သူ

Category

🗞
News
Be the first to comment
Add your comment

Recommended