Skip to playerSkip to main content
  • 6 years ago
ဦးကိုနီအမှုအတွက် အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထား
*********************************
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရသည့် အမှုနှင့် ပတ်သက်ပြီး အောင်ဝင်းထွန်း နှင့် ဇေယျာဖြိုးတို့ကို ပြစ်ဒဏ်တိုးမြှင့်ပေးရန် နိုဝင်ဘာ ၂၆ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဦးကိုနီ၏ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူများက လျှောက်ထားခဲ့သည်။

ဦးကိုနီအသတ်ခံရမှုနှင့် ပတ်သက်ပြီး ဇေယျာဖြိုးသည် ဝရမ်းပြေး အောင်ဝင်းခိုင် သက်သေခံပစ္စည်း ဖျောက်ဖျက်ရာတွင် ရုံးခန်းကို အသုံးပြုခွင့်ပေးခဲ့သည့် အတွက် ရာဇသတ်ကြီးပုဒ်မ(၂၀၁)အရ ထောင်ဒဏ် ငါးနှစ် ကျခံရန် နှင့် အောင်ဝင်းထွန်းကို ထောင်ဒဏ်သုံးနှစ် ကျခံရန် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် အမိန့်ချမှတ်ထားသည့်အမှုအတွက် ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျောက်ထားကြခြင်း ဖြစ်သည်။

သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63522
ရိုက်ကူး - အောင်မြတ်သူ
တည်းဖြတ် - ဝေမင်းဟန်
(zawgyi)
ဦးကိုနီအမႈအတြက္ ေအာင္ဝင္းထြန္းႏွင့္ ေဇယ်ာၿဖိဳးတို႔ကို ျပစ္ဒဏ္တိုးျမႇင့္ေပးရန္ ေလွ်ာက္ထား
*********************************
တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ အသတ္ခံရသည့္ အမႈႏွင့္ ပတ္သက္ၿပီး ေအာင္ဝင္းထြန္း ႏွင့္ ေဇယ်ာၿဖိဳးတို႔ကို ျပစ္ဒဏ္တိုးျမႇင့္ေပးရန္ ႏိုဝင္ဘာ ၂၆ ရက္ေန႔က ေနျပည္ေတာ္ရွိ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္တြင္ ဦးကိုနီ၏ မိသားစုဘက္မွ လိုက္ပါေဆာင္႐ြက္သူမ်ားက ေလွ်ာက္ထားခဲ့သည္။

ဦးကိုနီအသတ္ခံရမႈႏွင့္ ပတ္သက္ၿပီး ေဇယ်ာၿဖိဳးသည္ ဝရမ္းေျပး ေအာင္ဝင္းခိုင္ သက္ေသခံပစၥည္း ေဖ်ာက္ဖ်က္ရာတြင္ ႐ုံးခန္းကို အသုံးျပဳခြင့္ေပးခဲ့သည့္ အတြက္ ရာဇသတ္ႀကီးပုဒ္မ(၂၀၁)အရ ေထာင္ဒဏ္ ငါးႏွစ္ က်ခံရန္ ႏွင့္ ေအာင္ဝင္းထြန္းကို ေထာင္ဒဏ္သုံးႏွစ္ က်ခံရန္ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ တရား႐ုံးက ၿပီးခဲ့သည့္ ၂၀၁၉ခုႏွစ္ ေဖေဖာ္ဝါရီလပိုင္းတြင္ အမိန႔္ခ်မွတ္ထားသည့္အမႈအတြက္ ျပစ္ဒဏ္တိုးျမႇင့္ေပးရန္ ေလ်ာက္ထားၾကျခင္း ျဖစ္သည္။

သတင္းအျပည့္စုံ - http://www.mizzimaburmese.com/article/63522
႐ိုက္ကူး - ေအာင္ျမတ္သူ
တည္းျဖတ္ - ေဝမင္းဟန္

Category

🗞
News
Comments

Recommended