ပါးနပ်တဲ့ ဘောကောက်သမားလေးကို ဘုန်းမောက်နဲ့ပွဲစဉ်မတိုင်ခင် စပါးအသင်းနဲ့အတူ နေ့လည်စာ စားဖို့ ဖိတ်ခေါ်လိုက်တဲ့ မော်ရင်ဟို
****************************
ဟိုဆေးမော်ရင်ဟိုက ပြီးခဲ့တဲ့ အိုလံပီယာကော့စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စပါးအသင်းအတွက် အရေးပါတဲ့ ဂိုးဖြစ်လာအောင် အမြန်ဆုံးတုံ့ပြန်ပေးခဲ့တဲ့ ဘောကောက်ကောင်လေးအပေါ် ကျေးဇူးတင်တဲ့အနေနဲ့ ကစားသမားတွေနဲ့အတူတူ ပွဲကြိုနေ့လည်စာ စားဖို့ ဖိတ်ခေါ်လိမ့်မယ်လို့ သိရပါတယ်။
ကယ်လန်ဟိုင်းနက်စ်လို့ အမည်ရတဲ့ ဘောကောက်လေးဟာ အဆိုပါ ချန်ပီယံလိဂ်ပွဲစဉ်တုန်းက စပါးအသင်းရရှိတဲ့ ဘေးထွက်ဘောအတွက် ပါးနပ်စွာနဲ့ အသင့်ရှိနေတဲ့ ဘောလုံးကို ညာနောက်ခံလူ အော်ရီယာကို လျင်မြန်စွာ ပစ်ပေးခဲ့တာပါ။ ပစ်ပေးလိုက်တဲ့ဘောလုံးကို အော်ရီယာက မိုရာကို ချက်ချင်း လက်ပစ်ဘောပေးခဲ့ပြီး မိုရာမှတစ်ဆင့် ဟာရီကိန်းက ပိတ်သွင်းနိုင်တာကြောင့် စပါးတို့ (၂-၂)ဂိုးနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63633
တင်ဆက် - ဆက်ဝေယံနိုင်
(zawgyi)
****************************
တင်ဆက် - ဆက်ဝေယံနိုင်
Comments