Skip to playerSkip to main contentSkip to footer
  • 11/16/2019
တပ်မတော်၏ တရားစွဲဆိုလာမှုတွေကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် စိုးရိမ်စရာဖြစ်လာ
**************************************
တပ်မတော်၏ ခပ်စိပ်စိပ်တရားစွဲဆိုလာမှုတွေကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စိုးရိမ်မကင်းဖြစ်လာစေတယ်လို့ ရန်ကုန်တိုင်းအရပ်ဖက်အဖွဲ့ အစည်း များကွန်ရက်၏ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သော မသက်သက်အောင်က မဇ္စျိမကို ပြောသည်။

“အရပ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုတဲ့အပေါ်မှာ တပ်မတော်အနေနဲ့ ခပ်စိပ်စိပ်လေးတရားစွဲဆိုလာမှုဟာ တပ်ရဲ့ အကဲဆတ်လာမှုပေါ့။ဒီလိုမျိုး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့ တပ်မတော်အနေနဲ့က ဒီလိုမျိုးအချိန်အခါမှာ သဘောထားကြီးမှု နားလည်သည်းခံနိုင်မှုရှိဖို့ ပိုပြီးလိုအပ်တယ်။ဒီလိုမျိုး ခပ်စိပ်စိပ်တရားစွဲနေတဲ့အခါကျေတာ့ ပြည်သူလူထုနဲ့ရော အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ရော နိုင်ငံရေးတက်ကြွလှုပ်ရှားသူအနေနဲ့ပါ စိုးရိမ်မကင်းဖြစ်လာတယ်”ဟု မသက်သက်အောင်က ပြောသည်။

သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/62905
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
(zawgyi)
တပ္မေတာ္၏ တရားစြဲဆိုလာမႈေတြေၾကာင့္ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္အတြက္ စိုးရိမ္စရာျဖစ္လာ
**************************************
တပ္မေတာ္၏ ခပ္စိပ္စိပ္တရားစြဲဆိုလာမႈေတြေၾကာင့္ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြ ရဲ႕လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို စိုးရိမ္မကင္းျဖစ္လာေစတယ္လို႔ ရန္ကုန္တိုင္းအရပ္ဖက္အဖြဲ႕ အစည္း မ်ားကြန္ရက္၏ ဦးေဆာင္ေကာ္မတီဝင္တစ္ဦးျဖစ္ေသာ မသက္သက္ေအာင္က မဇၥ်ိမကို ေျပာသည္။

“အရပ္ဖက္အဖြဲ႕အစည္းေတြ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြရဲ႕လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုတဲ့အေပၚမွာ တပ္မေတာ္အေနနဲ႔ ခပ္စိပ္စိပ္ေလးတရားစြဲဆိုလာမႈဟာ တပ္ရဲ႕ အကဲဆတ္လာမႈေပါ့။ဒီလိုမ်ိဳး ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး လုပ္ငန္းစဥ္ေတြမွာ ပါဝင္ေနတဲ့ တပ္မေတာ္အေနနဲ႔က ဒီလိုမ်ိဳးအခ်ိန္အခါမွာ သေဘာထားႀကီးမႈ နားလည္သည္းခံႏိုင္မႈရွိဖို႔ ပိုၿပီးလိုအပ္တယ္။ဒီလိုမ်ိဳး ခပ္စိပ္စိပ္တရားစြဲေနတဲ့အခါေက်တာ့ ျပည္သူလူထုနဲ႔ေရာ အရပ္ဖက္အဖြဲ႕အစည္းေတြအေနနဲ႔ေရာ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူအေနနဲ႔ပါ စိုးရိမ္မကင္းျဖစ္လာတယ္”ဟု မသက္သက္ေအာင္က ေျပာသည္။

သတင္းအျပည့္စုံ - http://www.mizzimaburmese.com/article/62905
႐ိုက္ကူး/တည္းျဖတ္ - ဖူးအိအိႏြယ္

Category

🗞
News

Recommended