လီဗာပူးလ်ကို မန်စီးတီး လိုက်မီနိုင်မလားဆိုတာ မှော်ဆရာမဟုတ်လို့ မသိဘူး - ဂွာဒီယိုလာ
*****************
ပက်ဂွာဒီယိုလာက အန်ဖီးလ်မှာ လီဗာပူးလ်ကို (၃-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံအပြိုင်လုရမှာ ပြိုင်ဘက်အသင်းကို လိုက်မီနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး သူက မှော်ဆရာတစ်ယောက်မဟုတ်တဲ့အတွက် မသိဘူးလို့ ပြောဆိုလိုက်ပါတယ်။
ဒီရှုံးပွဲဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ် (၃)ပွဲမြောက် ရှုံးပွဲလည်းဖြစ်ပြီး အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်နဲ့ (၉)မှတ်အထိ ကွာဟခဲ့ပြီဖြစ်သလို နိုင်ပွဲကိုယ်စီရခဲ့ကြတဲ့ လက်စတာနဲ့ ချယ်လ်ဆီးတို့ကြောင့် မန်စီးတီးဟာ ဖိအားများနေပြီဖြစ်ပါတယ်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/62742
တင်ဆက် - ဆက်ဝေယံနိုင်
(zawgyi)
*****************
တင်ဆက် - ဆက်ဝေယံနိုင်
Comments