Skip to playerSkip to main content
  • 6 years ago
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ငါးဦးကို အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ချမှတ်
*******************************************
တပ်မတော်မှ တရားစွဲဆိုခြင်းခံထားရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်ငါးဦးကို အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ် တရားရုံးတွင်ရုံးထုတ်ခဲ့ပြီး မရမ်းကုန်းမြို့နယ်တရားသူကြီးမှ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။
တပ်မတော်မှ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားပြီး မရမ်းကုန်းတရားရုံးတွင် တရားရင်ဆိုင်နေသော ဒေါင်းတို့ မျိုးဆက်သံချပ်အသင်းမှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်၊ မကေခိုင်ထွန်းတို့ကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ပြီး ချုပ်ရက် ခြောက်လ ထုတ်နုတ်ခံစားခွင့်ရှိကြောင်း သိရသည်။
ရိုက်ကူး - သူရ(မဇ္ဈိမ)၊ ထွန်းထွန်းဝင်း
တည်းဖြတ် - ထွန်းထွန်းဝင်း
(zawgyi)
*******************************************

Category

🗞
News
Be the first to comment
Add your comment

Recommended