Skip to playerSkip to main contentSkip to footer
  • 6 years ago
မူးယစ်ဆေးဝါးမှုနှင့် လက်နက်သိုလှောင်ရောင်းချမှုအတွက် စစ်ဆေးခံရမှုအပေါ် ဆရာတော်ဖြေရှင်း
***********************
ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးကျောင်းတိုက်အတွင်းမှာရှိတဲ့ ဝါဏိဇ္ဇကျောင်းဆရာတော်ကို မူးယစ်ဆေးဝါးနှင့် လက်နက်သိုလှောင်ရောင်းချနေသည်ဟုဆိုကာ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် လူအင်အား(၁၀)ဦးခန့်က လာရောက်စုံစမ်းရှာဖွေမှုအတွက် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂၉ရက်နေ့က ဝါဏိဇ္ဇကျာင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဝါဏိဇ္ဇကျောင်းဆရာတော် ဦးပညောဘာသ အနေနဲ့ ဆရာတော်ရဲ့ ဂုဏ်သိက္ခာ၊ ကျောင်းရဲ့ ဂုဏ်သိက္ခာ၊ သာသနာတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်နစ်နာရတာကြောင့် မဟုတ်မမှန်သတင်းပေးပို့သူကို ဥပဒေကြောင်းအရ တရားစွဲဆိုမှု ပြုလုပ်ချင်သော်လည်းဗဟန်းမြို့နယ်ရဲစခန်းမှ ထုတ်ဖော်ပြောဆိုခွင့်မရှိတာကြောင့် တရားစွဲဆိုခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

ရိုက်ကူးတည်းဖြတ် - ဆုမြတ်မေဇော်
(zawgyi)
***********************



Category

🗞
News

Recommended