Skip to playerSkip to main contentSkip to footer
  • 6 years ago
ငြိမ်းချမ်းရေးမြို့သစ်က အလုပ်အကိုင်ရှာဖွေနေသူများ
******************
ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကရင်ပြည်နယ်အစိုးရတို့ဟာ ငြိမ်းချမ်းရေးမြို့အဖြစ် လေးကေ့ကော်မြို့သစ်ကို တည်ဆောက်ခဲ့တဲ့ ငါးနှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ကေအန်ယူဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)မှာ ပါ၀င်လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အနေနဲ့ ကေအန်ယူမိသားစု၀င်တွေနဲ့အတူ စစ်ဘေးကြောင့် တိမ်းရှောင်နေရသူတွေ၊ ထိုင်းနယ်စပ်က ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဒီမြို့ကို တည်ဆောက်ခဲ့ကြတာပါ။ အဲဒီအခါမှာတော့ နေထိုင်သူတွေအတွက် နေအိမ်တွေအဆင်ပြေပေမယ့် စား၀တ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းဟာ စိန်ခေါ်မှုဖြစ်လာတယ်လို့ ဆိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အမျိုးသားတွေ ၀င်ရောက်လုပ်ကိုင်နိုင်ပေမယ့် စုစုပေါင်းလူဦးရေရဲ့ ထက်၀က်ကျော် အမျိုးသမီးတွေကတော့ အလုပ်လက်မဲ့လို ဖြစ်နေကြရပါတယ်။

( ZawGyi )


ၿငိမ္းခ်မ္းေရးၿမိဳ႕သစ္က အလုပ္အကိုင္ရွာေဖြေနသူမ်ား
******************
ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)နဲ႔ ကရင္ျပည္နယ္အစိုးရတို႔ဟာ ၿငိမ္းခ်မ္းေရးၿမိဳ႕အျဖစ္ ေလးေက့ေကာ္ၿမိဳ႕သစ္ကို တည္ေဆာက္ခဲ့တဲ့ ငါးႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ပါၿပီ။ ေကအန္ယူဟာ တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္(NCA)မွာ ပါ၀င္လက္မွတ္ေရးထိုးၿပီးတဲ့အခါမွာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္အေနနဲ႔ ေကအန္ယူမိသားစု၀င္ေတြနဲ႔အတူ စစ္ေဘးေၾကာင့္ တိမ္းေရွာင္ေနရသူေတြ၊ ထိုင္းနယ္စပ္က ေ႐ႊ႕ေျပာင္းအလုပ္သမားေတြအတြက္ ဒီၿမိဳ႕ကို တည္ေဆာက္ခဲ့ၾကတာပါ။ အဲဒီအခါမွာေတာ့ ေနထိုင္သူေတြအတြက္ ေနအိမ္ေတြအဆင္ေျပေပမယ့္ စား၀တ္ေနေရးအတြက္ အလုပ္အကိုင္အခြင့္အလမ္းဟာ စိန္ေခၚမႈျဖစ္လာတယ္လို႔ ဆိုပါတယ္။ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြမွာ အမ်ိဳးသားေတြ ၀င္ေရာက္လုပ္ကိုင္ႏိုင္ေပမယ့္ စုစုေပါင္းလူဦးေရရဲ႕ ထက္၀က္ေက်ာ္ အမ်ိဳးသမီးေတြကေတာ့ အလုပ္လက္မဲ့လို ျဖစ္ေနၾကရပါတယ္။

Category

🗞
News

Recommended