ဗီလာနဲ့ပွဲက မန်စီးတီးရဲ့ ပထမပိုင်းခြေစွမ်းအတိုင်းဆိုရင် ချန်ပီယံဆုထက် တန်းဆင်းရလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ဂွာဒီယိုလာ
*****************************
ပက် ဂွာဒီယိုလာက အက်စတွန်ဗီလာနဲ့ပွဲမှ ပထမအတိုင်းသာဆိုပါက မန်ချက်စတာစီးတီးအသင်းအနေနဲ့ ချန်ပီယံဆုစိန်ခေါ်နိုင်ရေးထက် တန်းမဆင်းရရေးအတွင်းပင် ရုန်းကန်ရလိမ့်မယ်လို့ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။
စီးတီးဟာ တန်းတက် ဗီလာနဲ့ ပထမပိုင်းမှာ ဂိုးမသွင်းယူနိုင်ပဲ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပထမပိုင်းအပြီး အသင်းရဲ့ အဝတ်လဲခန်းအတွင်း ဂွာဒီယိုလာရဲ့ တွန်းအားပေးမှုတွေက အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ဒုတိယပိုင်းအစ (၁)မိနစ်အကြာမှာပဲ စတာလင်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/62027
(zawgyi)
*****************************
Comments