Skip to playerSkip to main content
  • 7 years ago

မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဥပဒေ အကြောင်းအရာများ ဟောပြောဆွေးနွေးပွဲ
=================================

မူးယစ်ဆေးဝါး အန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဥပဒေ အကြောင်းအရာများ ဟောပြောဆွေးနွေးပွဲကို အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၂ နာရီက မန္တလေး မြို့၊ အောင်မြေသာစံမြို့နယ် ၁၉ လမ်း ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ ရွှေပြည်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများဖြင့် နာမည်ကျော်ဇောနေသည့် နေရာအနီးတွင် ယခုကဲ့သို့ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ရခြင်းသည် ရပ်ကွက် နေပြည်သူများအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်ကြိုတင်ကာကွယ် ရှောင်ရှားနိုင်စေရန်အတွက် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲကို အောင်မြေသာစံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့နှင့်"IBJ Myanmar"မန္တလေး တရားမျှတမှုစင်တာတို့ ပူးပေါင်း လုပ်ဆောင် ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာအထောက်အကူပြုအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သောတရားလွှတ် တော်ရှေ့နေ ဦးဟန်ထွန်းလင်းနှင့်ရပ်မိရပ်ဖတစ်ဦးဖြစ်သော ဦးကျော်ကျော်ဝင်းတို့ ယခုကဲ့သို့ ပြောသည်။
(ရိုက်ကူး - အောင်ကိုဦး/မဇ္ဈိမ)
(zawgyi)
မူးယစ္ေဆးဝါးႏွင့္ပတ္သက္ေသာ ဥပေဒ အေၾကာင္းအရာမ်ား ေဟာေျပာေဆြးေႏြးပြဲ
=================================

မူးယစ္ေဆးဝါး အႏၲရာယ္ႀကိဳတင္ကာကြယ္သည့္အေနျဖင့္ မူးယစ္ေဆးဝါးႏွင့္ပတ္သက္ေသာ ဥပေဒ အေၾကာင္းအရာမ်ား ေဟာေျပာေဆြးေႏြးပြဲကို ေအာက္တိုဘာလ ၂၁ ရက္ မြန္းလြဲ ၂ နာရီက မႏၲေလး ၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္ ၁၉ လမ္း ၈၆လမ္းႏွင့္ ၈၇လမ္းၾကားရွိ ေ႐ႊျပည္ဓမၼာ႐ုံတြင္ ျပဳလုပ္ခဲ့သည္။
မူးယစ္ေဆးဝါးေရာင္းဝယ္သုံးစြဲမႈမ်ားျဖင့္ နာမည္ေက်ာ္ေဇာေနသည့္ ေနရာအနီးတြင္ ယခုကဲ့သို႔ မူးယစ္ေဆးဝါးႏွင့္ပတ္သက္သည့္ အသိပညာေပး ေဟာေျပာေဆြးေႏြးပြဲ ျပဳလုပ္ရျခင္းသည္ ရပ္ကြက္ ေနျပည္သူမ်ားအေနျဖင့္ မူးယစ္ေဆးဝါး အႏၲရာယ္ႀကိဳတင္ကာကြယ္ ေရွာင္ရွားႏိုင္ေစရန္အတြက္ ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ေဟာေျပာေဆြးေႏြးပြဲကို ေအာင္ေျမသာစံၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥပေဒေရးရာ အေထာက္အကူျပဳအဖြဲ႕ႏွင့္"IBJ Myanmar"မႏၲေလး တရားမွ်တမႈစင္တာတို႔ ပူးေပါင္း လုပ္ေဆာင္ ျခင္းျဖစ္သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥပေဒေရးရာအေထာက္အကူျပဳအဖြဲ႕မွ အဖြဲ႕ဝင္ျဖစ္ေသာတရားလႊတ္ ေတာ္ေရွ႕ေန ဦးဟန္ထြန္းလင္းႏွင့္ရပ္မိရပ္ဖတစ္ဦးျဖစ္ေသာ ဦးေက်ာ္ေက်ာ္ဝင္းတို႔ ယခုကဲ့သို႔ ေျပာသည္။
(႐ိုက္ကူး - ေအာင္ကိုဦး/မဇၩိမ)


Category

🗞
News

Recommended