Skip to playerSkip to main contentSkip to footer
  • 6 years ago
ယခုနှစ်တွင် ဧရာဝတီတိုင်းအတွင်း ယာဉ်တိုက်မှုများ လျော့ကျလာဟုဆို
********************

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများအနက် ယခုနှစ်တွင် ယာဉ်တိုက်မှု များ လျော့ကျလာကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ယာဉ်တိုက်မှုတော့ နည်းနည်းတော့ကျသွားတယ်။ ယာဉ်တိုက်မှုမဖြစ်အောင်တော့ ယာဉ်ထိန်းတွေ သက်ဆိုင်ရာအဖွဲ့တွေနဲ့ပေါင်းပြီးတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဖို့ ဟောပြောပွဲတွေ ပညာပေးဆောင်ရွက်မှုတွေလက်ကမ်းစာစောင်ဝေမျှမှုတွေဖြန့်ဝေမှုတွေစဉ်ဆက်မပြတ်ဆောင်ရွက်မှုလုပ်နေပါတယ်။ အဓိကတော့ယာဉ်အသုံးပြုသူတွေက ယာဉ်စည်းကမ်းလမ်းစည်းကမ်း နားမလည် ဘဲနဲ့ လမ်းအသုံးပြုမှုကို မတတ်ဘဲနဲ့ လမ်းပေါ်ကိုမတက်သင့်ဘူး။ ကလေးသူငယ်ကို ဆိုင်ကယ်တွေ ပေးမစီးသင့်ဘူး။ အရက်တို့မူးယစ်ဆေးဝါးတို့ သုံးစွဲပြီးတော့ လမ်းပေါ်တက်မယ်ဆိုလည်း အန္တရာယ် များပါတယ်။ ယာဉ်မောင်းတွေအားလုံးက စိတ်ရှည်သည်းခံပြီးမောင်းပေးဖို့တင်ပြလိုပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုအနေဖြင့် ၂၀၁၇ခုနှစ်တွင် ၂၀၃၃မှု ဖြစ်ပွားခဲ့ပြီး၊၂၀၁၈ ခုနှစ် တွင် ယာဉ်တိုက်မှု ၂၀၃၃မှုဖြစ်ပွားခဲ့ကာ ၂၀၁၉ခုနှစ်တွင် စက်တင်ဘာလအထိ ယာဉ်တိုက်မှု ၁၂၃၈ မှုဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုအများဆုံးဖြစ်တဲ့ခရိုင်များမှာ ပုသိမ်ခရိုင်နှင့် မအူပင်ခရိုင်တို့ ဖြစ်ပြီး၊ အနည်းဆုံးမှာ လပွတ္တာခရိုင်ဖြစ်ကြောင်း သိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

( Zawgyi )

ယခုႏွစ္တြင္ ဧရာဝတီတိုင္းအတြင္း ယာဥ္တိုက္မႈမ်ား ေလ်ာ့က်လာဟုဆို
********************

ဧရာဝတီတိုင္းေဒသႀကီးအတြင္း ျဖစ္ပြားခဲ့ေသာ ယာဥ္တိုက္မႈမ်ားအနက္ ယခုႏွစ္တြင္ ယာဥ္တိုက္မႈ မ်ား ေလ်ာ့က်လာေၾကာင္း တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ သိရသည္။

“ယာဥ္တိုက္မႈေတာ့ နည္းနည္းေတာ့က်သြားတယ္။ ယာဥ္တိုက္မႈမျဖစ္ေအာင္ေတာ့ ယာဥ္ထိန္းေတြ သက္ဆိုင္ရာအဖြဲ႕ေတြနဲ႔ေပါင္းၿပီးေတာ့ ယာဥ္စည္းကမ္းလမ္းစည္းကမ္း လိုက္နာဖို႔ ေဟာေျပာပြဲေတြ ပညာေပးေဆာင္႐ြက္မႈေတြလက္ကမ္းစာေစာင္ေဝမွ်မႈေတြျဖန႔္ေဝမႈေတြစဥ္ဆက္မျပတ္ေဆာင္႐ြက္မႈလုပ္ေနပါတယ္။ အဓိကေတာ့ယာဥ္အသုံးျပဳသူေတြက ယာဥ္စည္းကမ္းလမ္းစည္းကမ္း နားမလည္ ဘဲနဲ႔ လမ္းအသုံးျပဳမႈကို မတတ္ဘဲနဲ႔ လမ္းေပၚကိုမတက္သင့္ဘူး။ ကေလးသူငယ္ကို ဆိုင္ကယ္ေတြ ေပးမစီးသင့္ဘူး။ အရက္တို႔မူးယစ္ေဆးဝါးတို႔ သုံးစြဲၿပီးေတာ့ လမ္းေပၚတက္မယ္ဆိုလည္း အႏၲရာယ္ မ်ားပါတယ္။ ယာဥ္ေမာင္းေတြအားလုံးက စိတ္ရွည္သည္းခံၿပီးေမာင္းေပးဖို႔တင္ျပလိုပါတယ္”ဟု ဧရာဝတီတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ ဒုတိယရဲမႉးႀကီးထြန္းေ႐ႊက ေျပာသည္။

ဧရာဝတီတိုင္းေဒသႀကီးတြင္ ယာဥ္တိုက္မႈအေနျဖင့္ ၂၀၁၇ခုႏွစ္တြင္ ၂၀၃၃မႈ ျဖစ္ပြားခဲ့ၿပီး၊၂၀၁၈ ခုႏွစ္ တြင္ ယာဥ္တိုက္မႈ ၂၀၃၃မႈျဖစ္ပြားခဲ့ကာ ၂၀၁၉ခုႏွစ္တြင္ စက္တင္ဘာလအထိ ယာဥ္တိုက္မႈ ၁၂၃၈ မႈျဖစ္ပြားခဲ့သည္။

ယာဥ္တိုက္မႈအမ်ားဆုံးျဖစ္တဲ့ခ႐ိုင္မ်ားမွာ ပုသိမ္ခ႐ိုင္ႏွင့္ မအူပင္ခ႐ိုင္တို႔ ျဖစ္ၿပီး၊ အနည္းဆုံးမွာ လပြတၱာခ႐ိုင္ျဖစ္ေၾကာင္း သိရသည္။

႐ိုက္ကူး - စည္သူေမာင္ေမာင္

Category

🗞
News

Recommended