Skip to playerSkip to main content
  • 6 years ago
ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဖွဲ့စည်း
*****************************************
ရန်ကုန်မြို့တွင် စွန်ပစ်ကလေးငယ်များ များပြားလားခြင်းနှင့်အတူ မိဘမဲ့ကလေးငယ်များနှင့် တစ်ကိုယ်တည်းမိခင် အရေအတွက်ကို လျော့ချ၊ စောင့်ရှောက်နိုင်ရေးအတွက် ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို တိုင်းဒေသကြီးနှင့် ခရိုင်အလိုက် အောက်တိုဘာလ ၁၈ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး အသင်းရုံးခန်းကို တောင်ဥက္ကလာမြို့နယ် ရတနာလမ်းတွင် ယမန့်နေ့က ဖွင့်လှစ်ခဲ့ပြီး ရုံးခန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ဇနီး အသင်းဖြစ်မြောက်ရေးကော်မတီဝင် ဒေါ်ခင်မိမိကြွယ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/61678
ရိုက်ကူး/တည်းဖြတ် - ဆုမြတ်မေဇော်
(zawgyi)
*****************************************



Category

🗞
News
Be the first to comment
Add your comment

Recommended