ဆီးရီးယားအရေး တူရကီသမ္မတတုံ့ပြန်
***************************
MC: ဆီးရီးယားအစိုးရတပ်တွေဟာ နိုင်ငံ့တောင်ပိုင်းက မြို့ရွာအတော်များများကို လာရောက်ကြပြီး တူရကီစစ်သားတွေနဲ့ ပြည်သူ့စစ်တွေရဲ့ ကျူးကျော်မှုကိုကာကွယ်ဖို့ ကြိုးစားနေကြတဲ့ ဒေသခံ Kurds တွေနဲ့ ပူးပေါင်းကြပါတယ်။ တူကီသမ္မတ Recep Tayyip Erdogan ကတော့ ဆီးရီးယားမြောက်ပိုင်းဒေသမှာရှိတဲ့ Kurds တွေကို ဖယ်ထုတ်ပြီး အာရပ်တွေနဲ့ အစားထိုးမယ်လို့ ပြောနေသလို ဆီးရီးယားကို ကျူးကျော်မှုတွေ ရပ်ဆိုင်းဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုကိုလည်း ဂရုမစိုက်တဲ့အကြောင်း VOA သတင်းထောက် Zlatica Hoke ကသတင်းပို့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
(zawgyi)
***************************
Comments