Skip to playerSkip to main contentSkip to footer
  • 10/16/2019
မှတ်ဉာဏ်အားနည်းမှုအတွက် ပုံရိပ်တုကုထုံး

*****************

MC: ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စစ်တမ်းအရ လူတွေရဲ့ သက်တမ်းက ပိုရှည်လာပါတယ်။ ၂၀၂၀ ပြည့်နှစ်ရောက်ရင် အသက် ၆၀ ကျော်သူဦးရေက အသက် ၅ နှစ်အောက်ကလေးငယ် ဦးရေထက် ပိုများလာမယ်လို့ ဆိုပါတယ်။ မှတ်ဉာဏ်အား နည်းလာတဲ့ အသက်အရွယ် ကြီးရင့်သူ မိဘတွေကို မြင်ရတဲ့ သားသမီးတွေက စိတ်မကောင်းဖြစ်ကြပြီး သူတို့ကူညီနိုင်မယ့်နည်းလမ်းတွေရှာရာကနေ VR ပုံရိပ်တုနည်းပညာကုထုံးကို စမ်းသပ်လာကြပါတယ်။ Los Angeles မြို့က တောင်ကယ်လီဖိုးနီယားတက္ကသိုလ်က VR နည်းပညာစမ်းသပ်ခန်းတခုကို သွားရောက်လေ့လာခဲ့တဲ့ VOA သတင်းထောက် Elizabeth Lee က သတင်းပေးပို့ထားတာကို မညိုညိုလွင်က ပြောပြပါလိမ့်မယ်။

( Zawgyi )


*****************

Category

🗞
News

Recommended