Skip to playerSkip to main contentSkip to footer
  • 6 years ago
သံသယတရားခံအောင်ကြီးအတွက် အာမခံလျှောက်လဲချက် ပေးမယ်

#MizzimaTV

နေပြည်တော်က နာမည်ကျော် ဗစ်တိုးရီးယားအမှု (၈)ကြိမ်မြောက် ရုံးချိန်းမှာတော့ Wisdom Hill ကျောင်းရဲ့ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ရဲအုပ် ရန်နောင်စိုးနဲ့ Wisdom Hill ကျောင်းက ယာဉ်မောင်းနှစ်ဦးတို့ကို ဒက္ခိဏခရိုင်တရားရုံးမှာ ဒီကနေ့ စစ်ဆေးမှာ ဖြစ်ပါတယ်။

အချိန်ရရင်တော့ စီစီတီဗီမှတ်တမ်းကို ရဲလက်ဝယ်အပ်နှံခဲ့သူ ကိုရန်နောင်ဌေးကိုပါ စစ်ဆေးဖို့ ရှိနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရုံးချိန်းက တင်ထားခဲ့တဲ့ သံသယတရားခံအောင်ကြီးအတွက် အာမခံလျှောက်လဲချက်ကို ဒီကနေ့ တရားခွင်မှာ နှုတ်နဲ့ စာနဲ့ တင်ပြဖို့ရှိတယ်လို့လည်း အောင်ကြီးရဲ့ ရှေ့နေက တရားခွင်မစခင် မီဒီယာတွေကို ပြောပါတယ်။

ထူးခြားတာကတော့ ဒီကနေ့ တရားခွင်မှာ စစ်ဆေးမယ့် နှစ်ဖက်ရှေ့နေတွေကို ဒေါ်ဥမ္မာလှိုင်က တရားစွဲ၊ အမှုဖွင့်ထားပါတယ်။ အမှုတစ်ခုကို စစ်နေတဲ့ နှစ်ဖက်ရှေ့နေတွေ ဒီလို တရားစွဲ၊ အမှုဖွင့်ခံရတာဟာ သူ့သက်တမ်းမှာတော့ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဝါရင့်ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။

(ရိုက်ကူး- မင်းမင်း/မဇ္ဈိမ)

Zawgyi

Category

🗞
News

Recommended