Skip to playerSkip to main content
  • 6 years ago
အသင်းရဲ့ အရှုံးရလဒ်ပိုင်းနဲ့ ပတ်သက်လို့ စိတ်ပျက်ခဲ့ပေမယ့် ယုံကြည်မှုရှိနေဆဲဖြစ်တဲ့ ဆိုးလ်ရှား
*******************************
မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဝက်စ်ဟမ်းကွင်းမှာ အသင်းရဲ့ အရှုံးရလဒ်ပိုင်းနဲ့ ပတ်သက်လို့ စိတ်ပျက်ခဲ့ပေမယ့် ယုံကြည်မှုရှိနေဆဲဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

သရဲနီတို့ဟာ လန်ဒန်ကွင်း (London Stadium)မှာ (၂-၀) ဂိုးဆိုတဲ့ အရှုံးရလဒ်နဲ့အတူ သူတို့ရဲ့ ပရီးမီးယားလိဂ်အဖွင့် (၆)ပွဲကနေ ရမှတ် (၈)မှတ်သာ ရရှိထားပြီး (၂)ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60732
တင်ဆက် - ဆက်ဝေယံနိုင်

Category

🥇
Sports
Comments

Recommended