Skip to playerSkip to main content
  • 6 years ago
ဆင်သတ်ခံရမှု ကိုးလအတွင်း သုံးမှုသာ ဖြစ်ပွားခဲ့
*********************
ဆင်သတ်ခံရမှုများတွင် ၂၀၁၉ ခုနှစ်၊ နှစ်အစမှ စက်တင်ဘာအထိ သုံးမှုသာ ဖြစ်ပွားခဲ့ပြီး များစွာ လျော့ကျခဲ့သည်ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ဧရာဝတီတွင် ဆင်သတ်ခံရမှုမှာ ၂၀၁၇ တွင် ၁၆မှု၊၂၀၁၈ တွင် ၈မှု ရှိပြီး၊၂၀၁၉ တွင် သုံးမှုသာ ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ ၈ ဦးအနက် ၆ ဦးဖမ်းဆီးရမိခဲ့သည်ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေထံမှ သိရသည်။

“ဆင်အသတ်ခံရမှုက လျော့သွားပေးမဲ့ အသတ်ခံနေရဆဲ၊ ပြီးခဲ့တဲ့လမှာ ဆင် နှစ်ကောင် သတ်ခံရတာတွေ ရှိပါတယ်။ ဆင်သတ်မုဆိုး မိပါတယ်၊ ဆင်သတ်ပစ္စည်း သယ်ယူတဲ့ ကုန်သည်တွေ၊ ဂိုဏ်းတွေ ရှိပါတယ်။ အဲဒါတွေ မဖော်ထုတ်နိုင်သရွေ့ ဆင်သတ်ခံရဦးမှာပဲ”ဟု ငပုတောမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ပြောသည်။

ရိုက်ကူး-စည်သူမောင်မောင်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60708

Category

🗞
News
Comments

Recommended