Skip to playerSkip to main content
  • 7 years ago
မြန်မာပြည်ရောက် တောင်ကိုရီးယား သမ္မတကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

#MizzimaTV

မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်က သမ္မတအိမ်တော် မြက်ခင်းပြင်မှာ သမ္မတဦးဝင်းမြင့်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုနေတဲ့ မြင်ကွင်း ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ သမ္မတ မွန်ဂျေအင်းကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်တို့က သီးခြားစီ တွေ့ဆုံခဲ့ကြသလို စီးပွားရေး၊ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သမ္မတ မွန်ဂျေအင်းဟာ မနက်ဖြန်မှာတော့ ရန်ကုန်မြို့ကို သွားရောက်ဖို့ ရှိနေပါတယ်။

(ရိုက်ကူး- မင်းမင်း/မဇ္ဈိမ)

Category

🗞
News

Recommended