Skip to playerSkip to main contentSkip to footer
  • 6 years ago
မုံရွာတွင် Helmet ကမ်ပိန်း ပြုလုပ်
******************
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သြဂုတ် ၂၉ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းဦးဆောင်ကာ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းစေရေးအတွက် " Helmet Campaign " ပြုလုပ်ခဲ့သည်။

အဆိုပါကမ်ပိန်းကို မုံရွာကားလေးကွင်းမီးပွိုင့်၊ တမာတန်းမီးပွိုင့်၊ရေစင်မီးပွိုင့်၊ သာစည်လမ်းမီးပွိုင့်၊ ကျောက္ကာ လမ်းမီးပွိုင့်များအား ဖြတ်သန်း၍ ဆိုင်ကယ်စီးလျှင် အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေး ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး အသိပညာပေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုကမ်ပိန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာတက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

သတင်း- ဘုန်းနိုင်ဖြိုး ၊ရိုက်ကူး - KMT (မုံရွာ)

Category

🗞
News

Recommended