ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) မှာ KNU ဆက်လက်ပါဝင်မယ် (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ ၊ သြဂုတ် ၂၃ ၊ ၂၀၁၉

"နှုတ်ထွက်ခွင့်တောင်းထားတဲ့ အဖွဲ့အစည်းတခုက ပြန်လာမယ်ဆိုတာ ညီညွတ်ရေးအတွက် လက်ခံသင့်တယ်။ ဒါကြောင့် စောင့်မယ်ဆိုပြီး ကျနော်တို့က ၁၆ ရက်စောင့်တာပေါ့။ သြဂုတ်လ ၅ ရက်နေ့က မလုပ်ဘဲ ၂၁ ရက်မှာမှ ပြန်လုပ်တဲ့အချိန် သူတို့ (KNU) စုံစုံညီညီ သိုက်သိုက်ဝန်းဝန်း ပြန်တက်လာတာ တွေ့ရတော့ PPST ရဲ့ ညီညွတ်ရေးက ပြန်လည်ကောင်းမွန်လာပြီလို့ ပြောလို့ရတယ်။ ဒါ ဒီအစည်းအဝေးရဲ့ ထူးခြားချက်ပါပဲ။" လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ ၂၁-၂၄ အထိကျင်းပနေတဲ့ NCA အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးနဲ့ ပတ်သတ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောဆိုပါတယ်။

ရိုက်ကူး- အောင်အောင်ထွန်း

Recommended