သရဲကားကြိုက်တဲ့ ဆယ်ကျော်သက်များ
*******************
ကြောက်စရာ တစ္ဆေ ပုံပြင်တွေ နားထောင်ပြီး လူတွေရဲ့ စိတ်ထဲမှာ စွဲသွားအောင် စိတ်ကူးပုံဖော်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေက သရဲပုံပြင်တွေကို နားထောင်ရတာ ကြိုက်ကြတာပါ။ စာရေးသူ Alvin Schwartz ရေးသားပြီး Stephen Gammell က ပုံဆွဲပေးထားတဲ့ ကလေးတွေအတွက် တစ္တေ၀တ္တုတိုပေါင်းချုပ်ဖြစ်တဲ့ Scary Stories to Tell in the Dark စာအုပ်ကို အခြေခံပြီး အော်စကာဆုရှင် ရုပ်ရှင်ထုတ်ဝေသူ Guillermo Del Toro နဲ့ ဒါရိုက်တာ Andre Ovredal တို့က ရုပ်ရှင်ရိုက်ထားပါတယ်။ ဒီရုပ်ရှင် ရုံတင်တဲ့ စနေတနင်္ဂနွေမှာတင် ဒေါ်လာ သန်း ၂၀ ကျော် ၀င်ငွေရရှိတာကို ကြည့်ခြင်းဖြင့် ဆယ်ကျော်သက်တွေကြိုက်တဲ့ သည်းထိတ်ရင်ဖို သရဲကားတွေကနေ အမြတ်ငွေအများအပြားဝင်နိုင်တယ်ဆိုတာကို ထပ်ပြီး သက်သေပြလိုက်သလို ဖြစ်သွားပါတယ်။ Penelope Poulou ပေးပို့တဲ့ သတင်းကို နန်းလောင် က ပြောပြပေးပါမယ်။
Comments