ရာသီဥတုအပြောင်းအလဲနဲ့ စားနပ်ရိက္ခာပြသနာ
****************
ဥတုရာသီပြောင်းလဲမှုရဲ့  အကျိုးဆက်တွေကို ကမ္ဘာမြေထုကြီး ပြင်းထန်စွာရင်ဆိုင်ရတော့မယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းက ပြောလိုက်ပါတယ်။ ဥတုရာသီပြောင်းလဲမှုကြောင့် ဖြစ်လာမယ့် ဆိုးရွား ပြင်းထန်တဲ့ အကျိုးဆက်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုက အတော်ကြီးမားသလို စားနပ်ရိက္ခာရှားပါးမှုနဲ့လည်း ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Arash Arabasadi ပေးပို့ထားတဲ့သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
Comments