Skip to playerSkip to main contentSkip to footer
  • 6 years ago
"ဂုတ်တွင်းတံတား ပြင်ဆင်နေ"
********************
ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန်နှင့် ခရီးသွားပြည်သူများ အမြန်ဆုံးအသုံးပြုနိုင်ရေးအတွက် သြဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ပြုပြင်တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

၃လွှာ တစ်ထပ်၊အရှည် ၂၁၀ ပေ၊နှစ်လမ်းသွား ဘေလီတံတားသံဘောင်များကို သြဂုတ် ၁၇ ရက်၊မွန်းလွဲ ၃ နာရီမှ စတင်၍ တည်ဆောက်နေခြင်းဖြစ်ပြီး သြဂုတ် ၂၀ ရက်နေ့တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(ရိုက်ကူး၊ကိုကိုအောင်၊မဇ္ဈိမ)

တည်းဖြတ် - ဇေယျာမော်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59755

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News

Recommended