Skip to playerSkip to main contentSkip to footer
  • 8/7/2019
ဘူးလက်(ခ)ဦးလှဆွေကို သာသနာတော်ညှိုးနွမ်းစေမှု ဖြင့်တိုင်တန်းမှု တရားရုံး လက်ခံ
************************
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်(ခ)ဦးလှဆွေကို အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးစန်းအောင်က သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တိုင်တန်းမှုအပေါ် ကျောက်တံတားမြို့နယ်တရားရုံးက လက်ခံလိုက်ကြောင်း သိရသည်။
ဦးလှဆွေသည် သြဂုတ်လ ၃ ရက်နေ့က ဆူးလေပန်းခြံအရှေ့တွင် ပြုလုပ်သော တပ်မတော်ထိပ်ပိုင်း ခေါင်း ဆောင်များအပေါ် အမေရိကန်မှ အရေးယူပိတ်ဆို့မှုများအတွက် ပြုလုပ်သည့် ကန့်ကွက်ရှုတ်ချပွဲတွင် ဟောပြော ခဲ့မှုများအတွက် အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးစန်းအောင်က သြဂုတ်လ ၇ ရက်နေ့၌ ကျောက်တံတား မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59457
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News

Recommended