Skip to playerSkip to main contentSkip to footer
  • 8/1/2019
အပူသက်သာစေမယ့် ကတ္တရာလမ်း
****************
ပူပြင်းတဲ့နွေရာသီတွေမှာ ကတ္တရာလမ်းတွေဟာ အတော်ကိုပူတာပါ။ အမဲရောင်ဖြစ်နေတဲ့အတွက် အလင်းကို ပိုစုပ်ယူနိုင်ပြီး အပူတွေကို ပိုထုတ်လွှတ်နေတာပါ။ အမေရိကန်နိုင်ငံ Los Angeles မြို့က လမ်းတွေပေါ်မှာတော့ အမဲရောင် ကတ္တရာလမ်းကို အဖြူသုတ်ပြီး အပူသက်သာစေဖို့ စမ်းသပ်ကြိုးပမ်းနေကြပါတယ်။ အထူးပြုလုပ်ထားတဲ့ သုတ်ဆေးကြောင့် အပူချိန်ဖာရင်ဟိုက် ၁၀ ဒီကရီထက်ပိုပြီး လျော့ကျစေနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Angelina Bagdasary သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။


Category

🗞
News

Recommended