Skip to playerSkip to main content
  • 7 years ago
လယ်ယာလုပ်သားများမှာ လုပ်ငန်းခွင်ဘေးအန္တရာယ်နဲ့ပတ်သက်လို့ သေချာမသိကြသေးဟုဆို
*********************
မြန်မာနိုင်ငံတွင်းမှာရှိကြတဲ့ လယ်ယာလုပ်သားတွေဟာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီး သေသေချာချာမသိကြသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ(CTUM) အထွေထွေအတွင်းရေးမှူး ဦးသန်းလွင်ကပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဇူလိုင် ၃၀ ရက်က အရှေ့ဒဂုံမြို့နယ်မှာရှိတဲ့ CTUM ရုံးမှာ ပြုလုပ်ခဲ့တဲ့ သင်တန်းအဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

လယ်ယာလုပ်သားတွေအတွက်ပြုလုပ်တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး ဆရာဖြစ် သင်တန်းကို ဇူလိုင် ၂၉ ရက်ကနေ သြဂုတ် တစ်ရက်နေ့အထိ လေးရက်ကြာပြုလုပ်မှာလည်းဖြစ်ပါတယ်။

ဒီဆရာဖြစ်သင်တန်းပြီးသွားရင်တော့ နေရပ်ပြန်ကြတဲ့အခါ သင်တန်းတက်ရောက်ခဲ့တဲ့သူတွေက မိမိရပ်ရွာမှာ အသိပညာ၊ ဗဟုသုတတွေကို ပြန်လည်ဖြန့်ဝေပေးသွား ကြဖို့ရည်ရွယ်တယ်လို့လည်းသိရပါတယ်။

ရိုက်ကူး - စိုးသူအောင်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended