Skip to playerSkip to main contentSkip to footer
  • 6 years ago
"တပ်မတော်သားကိုယ်စားလှယ်တွေ မဆွေးနွေးတာ အချိန်ကုန်သက်သာတယ်"
***********************
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် တပ်မတော်သား ကိုယ်စားလှယ်တွေ ၀င်ရောက်မဆွေးနွေးတော့တဲ့အတွက် အချိန်ကုန်သက်သာတယ်လို့ ကော်မတီအဖွဲ့ဝင် မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောဆိုလိုက်ပါတယ်။

ပူးပေါင်းကော်မတီမှ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်၊ မူလအတိုင်း ထားရှိရန် ဆိုပြီး အချက်ပေါင်း ၃၇၀၀ ကျော် ပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂၅ ဦးက ဆွေးနွေးရန် ကနဦး စာရင်းပေးရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၇၈ ဦး ပါဝင်ပါတယ်။

ဇူလိုင် ၂၉ ရက်နေ့မှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးချက်တွင် ပါဝင်ဆွေးနွေးမဲ့စာရင်း ပြန်လည်ရုပ်သိမ်းခဲ့တာပဲ ဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ်-အောင်မြတ်သူ
တင်ဆက် - ဇေယျာမော်

Category

🗞
News

Recommended