Skip to playerSkip to main contentSkip to footer
  • 6 years ago
“ဖြောင့်မတ်၊ တည်ကြည်မှုဘာသာရပ်” ဆရာ၊ဆရာမ လက်စွဲစာအုပ်များဖြန့်ဝေ
********************************
အနာဂတ်မျိုးဆက်တွေ အဂတိလိုက်စားမှု ကင်းဝေးစေဖို့ ရည်ရွယ်ပြီး “ဖြောင့်မတ်၊ တည်ကြည်မှုဘာသာရပ်” လို့ အမည်ပေးထားတဲ့ အလယ်တန်းအဆင့် ဆရာ၊ ဆရာမလက်စွဲ စာအုပ်ပေါင်း ၄၀၀၀၀ ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပညာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

ဒီ စာအုပ်သင်ရိုးဟာ ထိုင်းနိုင်ငံ၊ အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ရေးဆွဲထားတာဖြစ်ပြီး ဆီလျော်အောင် ဘာသာပြန်ဆိုပြီးတော့ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားပေးဖို့အတွက် ဖြန့်ဝေလိုက်တာပဲ ဖြစ်ပါတယ်။

အခု လွှဲပြောင်းလိုက်တဲ့ ဖြောင့်မတ်၊ တည်ကြည်မှု ပညာပေးသင်ရိုးကို အလယ်တန်းအဆင့် စာရိတ္တနဲ့ ပြည်သူ့နီတိဘာသာရပ်မှာ ထည့်သွင်း၊ သင်ကြားသွားမှာပဲ ဖြစ်ပါတယ်။

ရိုက်ကူး၊တည်းဖြတ်-အောင်မြတ်သူ

Category

🗞
News

Recommended