Skip to playerSkip to main content
  • 7 years ago

ဧရာဝတီတိုင်းတွင် မြစ်ရေ စိုးရိမ်ရေအမှတ်အထိသာ အများဆုံးရောက်ရှိနိုင်
**************************
“ ဆည်မြောင်းက တွက်ချက်တဲ့အနေအထားအရ မြို့ ထဲ စိုးရိမ်ရေအမှတ်အထိပဲ ရောက်နိုင်တယ်လို့ တွက်ချက်ထားလို့ အခြေအနေကောင်းနိုင်ပါတယ်။ နေ့စဉ်အခြေအနေကိုလည်း ဆည်မြောင်းက စောင့်ကြည့်နေပါတယ်။ လောလောဆယ်အနေအထားအရ ရေကြီးရေလျှံမှုအတွက် အခြေအနေ ကောင်းတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
ဇူလိုင်၂၆ ရက်နေ့တွင် ဆည်မြောင်းတိုင်းထွာချက်များအရ င၀န်မြစ်ရေသည့် ငါးသိုင်းချောင်းမြို့၊ စိုးရိမ်ရေမှတ် အောက် တစ်ပေတွင် တည်ရှိပြီး၊ သာပေါင်းမြို့၏ စိုးရိမ်ရေအမှတ်အောက် တစ်ပေခွဲအောက်တွင်သာ ရှိသည်။
ရေကြီးရေလျှံမှုနှင့်ပတ်သက်ပြီး ကော်မတီများဖွဲ့ စည်းထားကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးများ၊ ထောက်ပံ့ရေးများ၊ ပြန်လည်ထူထောင်ရေးများကို ကော်မတီများ ဖွဲ့ စည်းထားကြောင်း သိရှိရကာ
ဧရာဝတီတိုင်းဒေသကြီးတွင် ဧရာဝတီမြစ်၊ င၀န်မြစ်၊ ပန်းလှိုင်မြစ်၊ တိုးမြစ်တို့ ဖြတ်သန်းစီးဆင်းလျက်ရှိသည်။
ရိုက်ကူး-စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended