မြစ်ရေများ ကျလာပါက ကြုံတွေ့နိုင်သောသဘာဝဘေးအတွက် ဧရာဝတီတိုင်းမှ ပြင်ဆင်ထား

  • 5 years ago
မြစ်ရေများ ကျလာပါက ကြုံတွေ့နိုင်သောသဘာဝဘေးအတွက် ဧရာဝတီတိုင်းမှ ပြင်ဆင်ထား
*********************
မြင့်တက်နေသော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေများ ကျလာပါက ဟင်္သာတဖက်သို့ ၁၀ ရက်ခန့်အတွင်း ကျရောက်နိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဧရာဝတီတိုင်း၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

“ ရှာဖွေရေးကော်မတီကို မီးသတ်ဦးစီးဌာနက ဦးဆောင်ထားတယ်။ လုံခြုံရေးကော်မတီ၊ ပို့ဆောင်ရေး ကော်မတီ၊ ပြန်လည်ထူထောင်ရေးကော်မတီတို့၊ ကျန်းမာရေးကော်မတီတို့ သဘာဝဘေး ဖြစ်ပြီးသွားရင် ရောဂါ ဖြစ်တာတွေ များလို့ ကြိုတင်ပြင်ဆင်ထားတာတွေ ရှိတယ်။ လုပ်ငန်းကော်မတီအလိုက် ကြိုတင် ပြင်ဆင်ထားတယ်” ဟု ဧရာဝတီတိုင်း၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးက ပြောသည်။


ရိုက်ကူး - စည်သူမောင်မောင်

တည်းဖြတ် - စိုးသူအောင်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58977

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended