Skip to playerSkip to main content
  • 7 years ago
F-35 အစီအစဉ်ကနေ တူရကီကို အမေရိကန် ပယ်ဖျက်
*******************
ရုရှားနိုင်ငံက S-400 အမျိုးအစား မစ်ဇိုင်းဒုံး ကာကွယ်ရေးစနစ်ကို လက်ခံလိုက်တဲ့အတွက် တူရကီနိုင်ငံကို အမေရိကန်က F-35 stealth ဂျက်တိုက်လေယာဉ် အစီအစဉ်ကနေ တရားဝင် ပယ်ဖျက်လိုက်ပါတယ်။ ရုရှားနိုင်ငံက မစ်ဇိုင်းဒုံး ကာကွယ်ရေးစနစ်ကို လက်ခံလိုက်တဲ့ အတွက် အမေရိကန်ရဲ့ အစီအစဉ်မှာ ဆက်လက် ပါဝင်ခွင့်ပြုဖို့ မဖြစ်နိုင်တော့တဲ့ အကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ဒီလိုအစီအစဉ်ကနေ ပယ်ဖျက်လိုက်တယ်ဆိုပေမဲ့လည်း တူရကီဟာ အမေရိကန်အတွက် မဟာဗျူဟာအရ အရေးပါတဲ့ လက်တွဲဖက်နိုင်ငံဖြစ်နေတာကြောင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေတော့ ဆက်လက် ထားရှိသွားမယ့်အကြောင်း အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Zlatica Hoke ပေးပို့တဲ့သတင်းကို ကိုအောင်လွင်ဦးက ပြောပြပေးပါမယ်။

Category

🗞
News
Comments

Recommended