Skip to playerSkip to main content
  • 6 years ago
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (၀၇-၁၈-၂၀၁၉)
**********************
အမေရိကန်အောက်လွှတ်တော်ထဲက လူနည်းစု အမျိုးသမီး လွှတ်တော်အမတ်တွေအပေါ် သမ္မတ Donald Trump က လူမျိုးရေး ခွဲခြားတဲ့ သဘောမျိုး မှတ်ချက်ပေး ပြောဆိုခဲ့တဲ့အပေါ် ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက် အောက်လွှတ်တော် အတည်ပြုမဲခွဲ၊ အီရတ်နိုင်ငံ ကာ့ဒ်ဒေသရဲ့မြို့တော် Irbil မှာ သေနတ်သမားတဦးက စားသောက်ဆိုင်တခုထဲ ၀င်ရောက်ပစ်ခတ်တာကြောင့် တူရကီသံတမန်တဦးထက်မနည်း သေဆုံး၊ အပိုလို (၁၁) အာကာသယာဉ် နဲ့ လကမ္ဘာပေါ်ကို လူဆင်းသက်နိုင်ခဲ့တဲ့ အနှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ် အနေနဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်က ဝါရှင်တန် အထိမ်းအမှတ် ကျောက်တိုင်ကြီးမှာ ၃၆၃ ပေ အမြင့် ရှိတဲ့ စာတန် (၅) ဒုံးကျည်ကြီးရဲ့ ပုံရိပ်ကို မီးထိုးပြစသည့်သတင်းတွေကိုဆက်လက်ကြည့်ရှုရမှာပါ။

Category

🗞
News
Be the first to comment
Add your comment

Recommended